Main menu

Background

ဆီထွက်သီး နှံဈေးကွက် မြေပဲသစ်ပေါ်ပေမဲ့ ဈေးအေးနေ

Mon, 10/10/2011 - 10:46 -- Anonymous (not verified)

                 ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ မြောင်နယ်၊ ချောင်းဦးနဲ့ဘုတလင်နယ်ဘက်က မိုးမြေပဲသစ်တွေ ပေါ်ပြီး မုံရွာဈေးကွက်ထဲ အနည်းအကျဉ်းဝင်ရောက်လာခဲ့ပါတယ်။ ဈေးကွက်မှာတော့ မြေပဲလုံးဆံအဟောင်း တစ်တင်း ၂၈၅၀၀ ကျပ်မှာငြိမ်နေပြီး အသစ်ကတော့ တစ်တင်း ၂၆၀၀၀ ကျပ်ဈေးဖွင့်လာပါတယ်။ ယခုတစ်ပတ် ရာသီဥတုအခြေအနေအရ မိုးအဆက်မပြတ်ရွာနေလို့ နှမ်းဈေးလည်းအေးခဲ့ရာ နှမ်းညိုတစ်တင်း ၁၉၃၀၀ ကျပ်၊ နှမ်းဝါ၊ နှမ်းနီတစ်တင်း ၂၀၂၀၀ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၁၅၀၀ ကျပ်နဲ့ အမြင့်ဆုံးဈေးပေါက်ခဲ့ကြပါတယ်။ မြေပဲနဲ့နှမ်း ဈေးအေးခဲ့လို့ ယခုတစ်ပတ်မှာ ဆီဈေး လည်းအေးခဲ့ရာ ပဲဆီတစ်ပိဿာ ၃၀၅၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၄၅၀ ကျပ်နဲ့ စားအုန်းဆီတစ်ပိဿာ ၁၈၀၀ ကျပ် အသီးသီးအနိမ့်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ဆီထွက်သီးနှံစီးဆင်းမှုအနေနဲ့ ယခုတစ်ပတ်အတွင်း မန္တလေးကို မြေပဲတင်း ၅၀၀၊ ပခုက္ကူကို တင်း ၁၀၀၀၊ ရန်ကုန်ကို တင်း ၃၀၀ စီးထွက်ခဲ့ပြီး နှမ်းစီးဆင်းမှု အနေနဲ့ တစ်ပတ်အတွင်း တင်း ၁၆၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင်