Main menu

Background

ပဲတီစိမ်း(အညာ) ကို တရုတ်ကအရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ

Mon, 10/10/2011 - 10:55 -- Anonymous (not verified)

ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်    ယခု     ပြောင်းလဲမှု ၁ မုံရွာ                  ၁ ပိဿာ       ၉၄၇    ၈၉၅ ၂ မန္တလေး             ၁ ပိဿာ     ၁၀၂၃    ၈၈၉ ၃ ပြည်                  ၁ ပိဿာ       ၈၅၀    ၈၄၀ ၄ မကွေး               ၁ ပိဿာ        ၉၂၁   ၈၄၂ ၅ မြင်းခြံ               ၁ ပိဿာ        ၈၆၀    ၈၃၀ ပဲတီစိမ်း(အညာ) ကို တရုတ်ကအရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ                    မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးက ဈေးကွက်သို့ ပုံမှန်ရှိပေမယ့် တရုတ်ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်တွေက အရည်အသွေး ကိုစိစစ်ပြီး အဝယ်ရှိလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၈၈၉ ကျပ်(တစ်တန်ကို ၅၄၄၄၁၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ပဲတွေကို အရည်အသွေးစိစစ်ပြီး တရုတ်က အဝယ်ရှိနေတယ်။ ရောင်းလက်တွေကလည်း ကြိုက်ဈေးမရလို့ အရောင်းနည်းလာတယ်။ ဒါကြောင့် ဈေးကွက်မှာ အရောင်းအဝယ်ထင်သလောက် မဖြစ်ခဲ့ဘူး လို့မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးကို မန္တလေးဝယ်လက်က အရည်အသွေးလိုနေတာကို အ ကြောင်းပြပြီး အောက်ဈေးနဲ့ အဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်သာအ ရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၈၄၂ကျပ်(တစ်တန်ကို ၅၁၅၆၃၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင် အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ ဆိုပါတယ်။ ပြည်ဈေးကွက်မှာ ပဲတီစိမ်းအဝင်ပါးလာပြီဖြစ်သလို ပဲလက်ကျန် လည်း နည်းသွားပြီဖြစ်ကြောင်း သိရပါတယ်။ လောလောဆယ် မျိုး အတွက် ပြန်လည်ဝယ်ယူသူများက တစ်ပိဿာကို ၈၄၀ ကျပ် (တစ် တန်ကို ၅၁၄၄၀၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀ ခန့်အဝယ်ရှိနေ သလို ရန်ကုန်အဆွဲရှိတဲ့ ရက်တွေမှာတော့ တစ်ရက်ကို အိတ် ၂၀၀ လောက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။