ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၆၅ ၂၁၀၂ လားရှိုး ၁ ပိဿာ ၂၈၀ ၃၀၀၃ မူဆယ် ၁ တန် ၂၃၀၃၇၁ ၂၂၅၁၂၉၄ မန္တလေး ၁ ပိဿာ ၃၄၃ ၂၈၇၅ မြင်းခြံ ၁ ပိဿာ ၃၁၀ ၃၀၀၆ ဟင်္သာတ ၁ ပိဿာ ၃၂၅ ၃၁၀ပြောင်းကို တရုတ်က ဝယ်အားပုံမှန်ရှိ လားရှိုးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန် ရှိသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၃၀၀ ကျပ်နဲ့ တစ် ပတ်အတွင်း ပိဿာချိန် ၅၇၃၆၉၉ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြောင်းက ဒီတစ်ပတ်မှာ ဈေးကောင်းရလာလို့ ရောင်းလက်များ အရောင်းများလာသလို ဝယ်လက်ကလည်း ပုံမှန်အဝယ်ရှိနေတယ်။ ဒါကြောင့် အရောင်းအဝယ် ဖြစ်မှုပမာဏက ယခင်အပတ်နဲ့စာရင် ပိုများလာတယ်လို့ ဆိုပါတယ်။ မူဆယ်ဈေးကွက်မ် ှာ ပြောင်းက ဈေးကွက်သို့ ဝင်ရောက်မှုပုံမှန်ရှိ သလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါ တယ။် မြင်းခြံဈေးကွက်မှာ ပြောင်းက မိုးများလို့ ဈေးကွက်သို့ အဝင် နည်းနေသလို ဝယ်လက်တွေကလည်း ဝယ်အားအနည်းငယ်သာရှိခဲ့တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပြောင်းကဈေး ကွက်သို့ နယ်စုံမှ အဝင်ပုံမှန်ရှိပေမယ့် ရန်ကုန်-မန္တလေးဝယ်လက် တွေက သယ်ယူခနှုန်းထားမြင့်လာတာကို အကြောင်းပြပြီး ဈေးချ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၂၁၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၃၁၀၀၀ ခန့် သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြောင်းကို အရင် ကတောင်ကြီးမှ ရန်ကုန်သို့ သယ်ယူခက တစ်ပိဿာကို ၆၅ ကျပ်ရှိ ရာက အခု ၉၅ ကျပ်ဖြစ်လာတယ်။ တောင်ကြီးမှ မန္တလေးကို ပြောင်း သယ်ယူခအရင်က တစ်ပိဿာကို ၄၀ ကျပ်ရှိရာက အခုဆိုရင် ၈၀ ကျပ်ဖြစ်လာတယ်။ ဒါကြောင့် ဝယ်လက်တွေက ဈေးချအဝယ်ရှိလာ တယ်လို့ ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။
Background