ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ ၁၄၃၀ ၁၃၈၈၂ မန္တလေး ၁ ပိဿာ ၁၃၂၈ ၁၂၅၈၃ မုံရွာ ၁ ပိဿာ ၁၃၀၅ ၁၂၃၇၄ ပခုက္ကူ ၁ ပိဿာ ၁၃၁၅ ၁၂၀၀၅ မြင်းခြံ ၁ ပိဿာ ၁၂၃၅ ၁၂၀၀၆ ရေစကြို ၁ ပိဿာ ၁၂၂၅ ၁၁၆၀ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အတွက် ဝယ်ယူသူများက အဝယ် အားပျော့လို့ ဈေးကျ မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက် မြို့ခံပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်လုပ်ငန်းရှင်များက ဒီတစ်ပတ်မှာ ဝယ်အားပျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင ် ဈေးကျလာပြီး တစ်ပိဿာကို ၁၂၅၈ ကျပ် (တစ်တန်ကို ၇၇၀၃၈၈ ကျပ်)နဲ့ တစ်ရက် ကို အိတ် ၁၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရေစကြိုဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၁၆၀ ကျပ် (တစ်တန်ကို ၇၁၀၃၇၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၀၀ မှ ၂၀၀ ကြား ဝယ်အားရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပခုက္ကူ ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို တစ်ပိဿာ ၁၂၀၀ ကျပ်(တစ်တန်ကို ၇၃၄၈၆၈ ကျပ်) နဲ့ ရန်ကုန်ဝယ်လက်က ဈေးဖွင့်အဝယ်ရှိ ပေမယ့် ရောင်းလက်များ အရောင်းအေးနေတယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာပြီးခဲ့တဲ့ တစ်ပတ်က တက်ဈေးနဲ့ အဝယ်အရောင်း ပုံမှန်ရှိခဲ့တဲ့ ကုလားပဲဖြူလုံးကြီးကတော့ ဒီတစ်ပတ်မှာ အဝယ်အရောင်းအနည်းငယ်အေးသွားပြီး ဈေးလည်းကျသွားတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၂၃၇ ကျပ် (တစ် တန်ကို ၇၅၇၅၂၆ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
Background