Main menu

Background

ပဲစင်းငုံနီကျဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ

Tue, 10/11/2011 - 04:05 -- Anonymous (not verified)

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ         ယခင်         ယခု               ပြောင်းလဲမှု၁ ဘုရင့်နောင်        ၁ တန်         ၄၇၃၀၀၀     ၄၅၇၀၀၀၂ မန္တလေး             ၁ ပိဿာ        ၇၃၃           ၆၈၃၃ မုံရွာ                  ၁ ပိဿာ        ၇၃၅           ၆၈၅၄ ပြည်                  ၁ ပိဿာ        ၇၄၀           ၆၈၀၅ ပခုက္ကူ               ၁ ပိဿာ        ၇၄၅            ၆၉၀၆ မြင်းခြံ                ၁ ပိဿာ        ၇၂၀            ၆၈၅၇ အောင်လံ           ၁ ပိဿာ        ၇၃၀            ၆၈၅၈ မကွေး               ၁ ပိဿာ        ၇၂၅            ၆၉၀ပဲစင်းငုံနီကျဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ           ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက အောက်ဈေးနဲ့ အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သန်းနေတယ်လို့ိ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်တန်ကို ၄၅၇၀၀၀ ကျပ်မှ ၄၇၂၀၀၀ ကျပ်အတွင်း တန် ၁၆၈၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲဈေးကျလာမှုကြောင့် ရောင်းလက်တွေ အရောင်းအေးလာတယ်။ ဝယ်လက်တွေကလည်း ဈေးနှိမ်ပြီး အဝယ်ရှိနေတယ်။ ဒါကြောင့် ပဲအရောင်းအဝယ်ဖြစ်မှု ပမာဏကလည်း နည်းလာတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲက ဈေးချအဝယ် ရှိနေသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော်လင့်ချက် နဲ့ အရောင်းနည်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို တစ်ပိဿာကို ၆၈၃ ကျပ် (တစ်တန်ကို ၄၁၈၂၆၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားသာဖြစ်ခဲ့တယ်လို့ ဆို ပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်-မန္တလေး ဝယ်လက် က အောက်ဈေးနဲ့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး ကျလာပြီး တစ်ပိဿာကို ၆၈၅ ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်) နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၈၅ ကျပ် (တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်ဝယ်အားပုံမှန်ရှိပေ မယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေကြောင်း သိ ရပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သန်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၉ဝ ကျပ်(တစ်တန်ကို ၄၂၂၅၄၉ ကျပ်) နဲ့ တစ်ပတ်အတွင်း အိတ် ၆ဝဝဝ ခန့်ဖြစ်ခဲ့ တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။