သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ အောင်လံ ၁ ပိဿာ ၂ဝ၆၇ ၂၁၇၈နှမ်းဖြူကို တရုတ်က အရည်အသွေးအပေါ် မူတည်ပြီး အဝယ်ရှိ မန္တလေးဈေးကွက်မှာ နှမ်းဖြူက ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် တရုတ်ဝယ်လက်က အရည်အသွေးစိစစ်ပြီး ဝယ်ယူမှုတွေရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၆၂၂ ကျပ် (တစ်တန်ကို ၉၉၃၂၉၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူကို ရန်ကုန်ဝယ်လက်ကအရည်အသွေးပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ့ ာပြီး တစ်ပိဿာ ၁၆ဝဝ ကျပ် (တစ်တန်ကို ၉၇၉၈၂၄ ကျပ်)နဲ့ တစ်ရက် ကို အိတ် ၁ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည် တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ မြောင်နယ်၊ ယောနယ်နဲ့ ချင်းတွင်းမြစ် အနောက်ဘက်ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ပုလဲမြို့ နယ်က နှမ်းဖြူတွေ အဝင်ပုံမှန်ရှိပေမယ့် မန္တလေး အဆွဲအေးသွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၄ဝဝ ကျပ်(တစ်တန်ကို ၈၅၇၃၄၆ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှု နည်းသွားတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံ ဈေးကွက်မှာ သိပ္ပံနှမ်းနက်ကို ရန်ကုန်-မန္တလေး ဝယ်လက်အဆွဲ ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၂၁၇၈ ကျပ်(တစ်တန်ကို ၁၃၃၃၇၈၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၇ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background