စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၄ ရက်ထိကာလအတွင်း ရိဒ်နယ်စပ်မှ ကန်ဒေါ်လာ ၁၆၄၄၀ တန်ဖိုးရှိ ဝက်အရှင် ၉၉၆၀ ကီလိုအပို့ရှိခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ ဝက်နားရွက်ပြာရောဂါဖြစ်ပွားနေတဲ့အတွက်ဆိုပြီး ဝက်အရှင် တင်ပို့မှုရပ်နားခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ခိုတလန်းကျေးရွာနေ ဝက်အရှင်တင်သွင်းသူ တစ်ဦးက စခန်းတာဝန်ခံနှင့် စက်တင်ဘာလနှောင်းပိုင်းမှာ လာရောက်တွေ့ဆုံပြီး ကောလာဟလသတင်းများကြောင့် ဝက်တင်သွင်းမှုကို ပိတ်ပင်ခံရတာကြောင့် ဝက်ရောင်းဝယ်သူများ စီးပွားရေးကျဆင်းပြီး ဒုက္ခရောက်ခဲ့ ရပါကြောင်း၊ မြန်မာနိုင်ငံမှာ ယခုအခါ ဝက်နားရွက်ပြာရောဂါ ကင်းရှင်းပြီဖြစ်တဲ့ အတွက် ရောဂါပိုးမွှားကင်းရှင်းကြောင်း ထောက်ခံစာနဲ့ တစ်ဖက်နိုင်ငံသို့ တင်သွင်း ခွင့်ပေးရန် ဆွေးနွေးခဲ့ပါတယ်။ ယခုအခါ ရောဂါကင်းစင်ကြောင်း တိရစ္ဆာန်မွေးမြူ ရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ ထောက်ခံချက်နဲ့ ပြန်လည်တင်ပို့နိုင်တာ ဖြစ်ပါတယ်။ ရိဒ်နယ်စပ်ရဲ့ အဓိကပို့ကုန်ကတော့ ဝက်အရှင်ဖြစ်ပြီး ပြန်လည်တင်ပို့ခွင့်ရလာတာ နဲ့အမျှ ရှေ့လာမဲ့ကာလများရဲ့ ကုန်သွယ်မှုမှာ ဝက်အရှင်တင်ပို့မှုကလည်း တစ်စိတ် တစ်ဒေသ ဖြည့်တင်းပေးလာနိုင်တော့မှာဖြစ်ပါတယ်။ နိုင်ငံတော်မှလည်း တိရစ္ဆာန် နဲ့ တိရစ္ဆာန်ထွက်ပစ္စည်များ တင်ပို့မှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားသဖြင့် ယခင်ကထက် ပိုမိုတင်ပို့နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ MITR(DOBT)
Background