ထိုင်းနိုင်ငံ အသေးစားနဲ့အလတ်စား လုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမယ့်နှစ်မှာ ထိုင်းစက်မှု ဝန်ကြီးဌာနကထုတ်ပေးမဲ့ ထိုင်းဘတ်သန်း ၃၀၀ ကို အသုံးပြုပြီး (SMEs) များ မြှင့်တင်ရေးဌာနက စီမံကိန်းနှစ်ရပ်ချမှတ် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ စီမံကိန်းနှစ်ရပ်ကတော့ Asia Ready Program နှင့် အာဆီယံဒေသတွင်း စီးပွားရေးကွန်ရက်တို့ ဖြစ်ပါတယ်။ The Asia Ready Program ဟာ ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်မယ့် အာဆီယံစီးပွားရေး အသိုက်အဝန်း (ASEAN Economic Community-AEC) အတွက် အဓိကထားပြင်ဆင်ရန်နဲ့ အာရှဈေးကွက် ဆိုင်ရာလိုအပ်သော သတင်းအချက်အလက်များနဲ့ သိမှတ်ဖွယ်ရာများကို ထိုင်း(SMEs) များအား ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း မှာပဲ အာဆီယံဒေသတွင်းရှိ (SMEs)များအား ကွန်ရက်ချိတ်ဆက်ရေးအတွက် အာဆီယံဒေသတွင်း ထိပ်တန်းရောက် ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်ရန်နဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ ထိုင်း SMEs မြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Yu thasak Supasom က စီမံကိန်းနှစ်ရပ်စလုံးကို ထိုင်း SMEs များအကြား AEC အတွက် အသင့်ဖြစ်နေစေရေးနဲ့ AEC ဒေသတွင်းဈေးကွက်များအတွက် ထိုင်း SMEs များမှာ ရှိသင့်ရှိထိုက်၊ သိသင့်သိထိုက်သည်များကို သိရှိနေစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Source; T hanland Breaking News, KKCM
Background