Main menu

Background

ရေထွက်ကုန် တင်ပို့မှု တန် ၇၀၀ ကျော် အပို့ရှိ

Tue, 10/11/2011 - 04:46 -- Anonymous (not verified)

                  စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်း ရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ သုည ဒသမ ၉၈၂၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၇၀၅ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်က ထက် တန် ၁၄၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ နယ်စပ်အလိုက် ရေထွက်ကုန်တင်ပို့မှုတွေကတော့ မူဆယ်မှ ကန်ဒေါ်လာ သုညဒသမ ၁၆၈ သန်းဖိုးရှိ ငါးရှဉ့် တန် ၃၅၀ ခန့်၊ ကန်ဒေါ်လာ သုညဒသမ ၆၇၇သန်းတန်ဖိုးရှိ ကဏန်း ၁၉၅ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၉၉ သန်းဖိုးရှိ ရေငန်ငါးမျိုးစုံ ၅၃ တန်ခန့်၊ ကန်ဒေါ်လာ သုညဒသမ ၀၉၃ သန်းဖိုးရှိ ငါးဆားနယ် ၇၇ တန် ကျော်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုညဒသမ ၀၄၁ သန်းဖိုးရှိ ကဏန်း ၁၁ ဒသမ ၄၃၆ တန် အသီးသီး ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ကဏန်း၊ငါးရှဉ့်တို့ အပို့ပိုမိုခဲ့ပြီး ရေငန်ငါးမျိုးစုံ တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ စက်တင် ဘာလအတွင်းမှာ ငါးရှဉ့် ၁၂၁၂ တန်၊ ဂဏန်း ၅၅၆ တန်၊ ရေငန်ငါးမျိုးစုံ ၅၀၈ တန်၊ ငါးဆားနယ် တန် ၁၄၀ နဲ့ ပုစွန် ခြောက် ၁၃တန်ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် ရေထွက်ကုန်ဈေးများ လျော့ကျလျက်ရှိတယ်လို့ သိရပါတယ်။ ယခုအပတ် ငါးရှဉ့် တစ်တန်ဈေးမှာ ၂၀၈၀၃၈၃ ကျပ်၊ ကဏန်းဈေးများမှာ ၂၅၀ ဂရမ်အထက် ၃၀၀၁၄၄၃ ကျပ်၊ ၂၀၀ မှ ၂၅၀ ဂရမ်ကို ၂၈၃၆၉၇၃ ကျပ်၊ ၁၅၀ မှ ၂၀၀ ဂရမ်ကို ၂၆၇၂၅၀၉ ကျပ်နဲ့ ၁၀၀ မှ ၁၅၀ ဂရမ်ကို ၂၅၄၉၁၆၀ ကျပ် အသီးသီး မိမိဘက်မှာ ဈေးပေါက်လျက် ရှိပါတယ်။ တစ်ဖက်နိုင်ငံဈေးများမှာ ငါးရှဉ့် ၂၅၃၀ ဒေါ်လာ၊ ဂဏန်း ၂၅၀ ဂရမ်အထက် ၃၆၅၀ ဒေါ်လာ၊ ၂၀၀- ၂၅၀ ဂရမ် ၃၄၅၀ ဒေါ်လာ၊၁၅၀-၂၀၀ ဂရမ် ၃၂၅၀ ဒေါ်လာနဲ့ ၁၀၀ မှ ၁၅၀ ဂရမ်ကို ၃၁၀၀ ဒေါ်လာ ဈေးအသီးသီး ဖြစ်ပါတယ်။ MIRT(DOBT)