စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်တဲ့ ချင်းရွှေဟော်မှ ရော်ဘာတင်ပို့မှုဟာ ယခင်အပတ်တင်ပို့ မှုထက် တန် ၅၀ ပိုမိုတဲ့အပြင် ယခင်အပတ်က RSS-3 တစ်မျိုးသာ အပို့ရှိပေမဲ့ ယခုအပတ်မှာ RSS-3 အပြင်RSS-5 နဲ့MSR -20 ပါ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှာတော့ တန် ၂၉၀ ခန့် အပို့ရှိပြီး ယခင်အပတ် တင်ပို့တဲ့ ပမာဏထက် ၁၅ တန်ခန့် လျော့နည်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခု အပတ်ရော်ဘာအဆင့်အလိုက်တင်ပို့မှုတွေကတော့RSS-3 တန် ၁၅၀ ၊MSR -20 တန် ၁၂၀ နဲMSR -50 တန် ၂၀ ၊ ချင်းရွှေဟော်နယ်စပ်မှ RSS-3 ၈၅ တန်၊ RSS-5 တန် ၃၀ နဲ့MSR -20 ၆၅ တန် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ရော်ဘာတင်ပို့မှု တန် ၄၇၀ ရှိပြီး ယခင်အပတ်တင်ပို့မှုထက် ၃၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်း နယ်စပ်စခန်များမှ ရော်ဘာ ၂၆၆၄ တန် အပို့ရှိပြီး ဧပြီလမှ စက်တင်ဘာလထိကာလမှာ ရော်ဘာအဆင့်စုံ၁၈၅၈၆ တန်ခန့် တင်ပို့ထားပြီးဖြစ်ပါတယ်။မိမိဘက်ရော်ဘာဈေး မပြောင်းလဲပေမဲ့ တစ်ဖက်နိုင်ငံဈေးကျလျက် ရှိပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၃၄၁၃၈၀၀ ၃၄၁၃၈၀၀ - - ၄၁၅၉ ၄၅၄၂ ၃၈၃ ၉RSS - 5 ၃၃၀၀၃၁၉ ၃၃၀၀၃၁၉ - - ၄၁၀၂ ၄၃၈၆ ၂၈၄ ၉MIRT(DOBT)
Background