Main menu

Background

ပြောင်းတန် ၁၀၀၀ ကျော်ပြန်လည်တင်ပို့နိုင်

Tue, 10/11/2011 - 05:46 -- Anonymous (not verified)

                  စက်တင်ဘာ ၂၅ မှ အောက်တိုဘာ ၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၁၄၆၇ တန်၊ ဒေါ်လာ ၀ ဒသမ ၄၂၃ သန်းဖိုးကို စင်္ကာပူနဲ့ ဗီယက်နမ်နှစ်နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၉၀၀ ကျော်သာ တင်ပို့ခဲ့တာကြောင့် ယခုတပတ်မှာ တန် ၅၀၀ ကျော်တင်ပို့မှုပိုမိုပါတယ်။ နယ်စပ် ကလည်း တန် ၁၀၀၀၀ ကျော်ပုံမှန်တင်ပို့နေရတာတွေ့ရပါတယ်။ FOB ရန်ကုန် ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ ဒေါ်လာ (၂၉၀-၃၀၅) ကြားဈေးပေါက် လျက် ရှိကြောင်းသတင်းရရှိပါတယ်။ KZW