Main menu

Background

မန်းမြို့ရဲ့ မိုဘိုင်းဈေးသည်လေးများ

Tue, 10/11/2011 - 05:56 -- Anonymous (not verified)

               မန်းမြို့စီးပွားရေးဈေးကွက်အတွင်း Door to Door စနစ်ဖြင့် ဝန်ဆောင်မှုပေးရောင်းချနေတဲ့ စက်ဘီး၊ ဆိုင်ကယ် မိုဘိုင်းဈေးသည်လေးများ နေရာတိုင်းမှာ တွေ့နေပါတယ်။ ဈေးသွားဖို့ အချိန်မပေးနိုင်သူတွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးတယ်လို့လဲ ပြောလို့ရပါတယ်။ မိုဘိုင်းဈေးသည်လေးတွေက ဈေးမှာမရနိုင်တဲ့ တစ်ယောက်စာ တစ်ဆယ် သား၊ ဆယ့်ငါးကျပ်သား ပုစွန်အသား၊ ငါးထုပ်လေးတွေ၊ အသီးအရွက်တစ်ယောက်စာချက်လေးတွေ အိမ်ရှင်မတွေ အတွက် စားဖိုဆောင်ပစ္စည်းစုံ အဆင်သင့်ထုပ်ပိုးပြီး တစ်ပိုင်တစ်နိုင်ရောင်းချပေးတဲ့အတွက် အလေအလွင့်မရှိ စားသုံး သူရော ရောင်းချသူပါ အဆင်ပြေစေတာ တွေ့ရပါတယ်။                  အသားငါးဝယ်ရင် ငရုတ်သီးအနည်းငယ်နဲ့ နံနံပင်၊ ပင်စိမ်းအပိုဝန်ဆောင်မှုအနေနဲ့ ထည့်ပေးပြီး တစ်ခါတစ်ရံ ငါးပိဝယ်ရင် လိုက်ဖက်တဲ့ ရာသီစာ တညင်းသီးတစ်လုံးစ နှစ်လုံးစ မေတ္တာလက်ဆောင်ထပ်ဆောင်းပေးပြီး ဝယ်သူကို ဆွဲဆောင်ပါသေးတယ်။ မိုဘိုင်းဈေးသည်လေးတွေက အထည်ဈေးသည်တွေထက် ဝယ်လို့လည်းကောင်း ဈေးလည်းချိုပါ တယ်။ ဒါကြောင့် ရုံးဝန်ထမ်းနဲ့ အဆောင်နေတက္ကသိုလ်ဆရာ၊ ဆရာမတွေအတွက် အားထားရာ ဖြစ်သလို အခြေခံ လူတန်းစားရပ်ကွက်အတွက်လည်း အဆင်ပြေစေပါတယ်။ ဈေးထဲမှာ အရင်းအနှီးများများနဲ့ ထိုင်မရောင်းနိုင်ပေမယ့်မန်းမြို့ကိုင်းတန်းဈေးမှ အဆင်သင့်ထုပ်ပိုးပြီးသား ဝယ်ယူရောင်းချရင်း ဝမ်းရေးဖြည့်တင်းနေကြတဲ့ မိုဘိုင်းဈေးကွက်လေးတစ်ခုဖြစ်ပါကြောင်း -------- ခင်မြင့်မြင့်သန်း