Main menu

Background

Hotmail ကိုအသုံးပြုသူတို့အတွက် အစီအစဉ်သစ်များပေး

Tue, 10/11/2011 - 07:21 -- Anonymous (not verified)

                      အီးမေးလ်သို့မဟုတ် အင်တာနက် မေးလ်ဖြစ်တဲ့  Hotmail ရဲ့ အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်ဖို့ အတွက် တီထွင်ဆန်းသစ်မှုရှိတဲ့ အစီအစဉ်သစ် ငါးခုကို မိုက်ကရိုဆော့က စတင်မိတ်ဆက်ပေးခဲ့ပါတယ်။အစီအစဉ် ငါးခုအနက် Smart Letter ကသတင်းတွေကို ရွေးတန်ရွေး၊ ဖျက်တန်ဖျက် ပေးဖို့အတွက် အသုံး ပြုသူကသုံးနိုင်ပါ တယ်။ Categories နဲ့ Advanced Folder Management ကအသုံးပြုသူတွေရရှိတဲ့ သတင်း အချက်အလက် တွေကို အမျိုးအစား ခွဲပေးပါတယ်။                     အစီအစဉ်ထဲမှာ အလိုလိုရှင်းပေးတဲ့ အစီအစဉ်တစ်ခုလည်း ပါရှိပါတယ်။ဒီအစီအစဉ်က တချို့အီးမေးလ် တွေကို ဖျက်ပေးပါတယ်။ဦးစားပေးရွေးချယ်မဲ့သတင်းက inbox ရဲ့ထိပ်ဆုံးမှာရှိနေပြီး ကလစ်တစ်ချက် နှိပ်ရုံနဲ့ အလို အလျောက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ံHotmail ရဲ့ အစီအစဉ်သစ်အရ အသုံးပြုသူရဲ့ inbox  ထဲကို ဝင်လာတဲ့ အချက်အလက်တွေကို ၃၅ ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းအောက်အထိ လျှော့ချပေးနိုင်မှာ ဖြစ်တယ်လို့ မီဒီယာဝပ်ရှော့တစ်ခုမှာ မိုက်ကရို ဆော့အာရှပစိဖိတ်ဒေသရဲ့ အကြီးအကဲကပြောပါတယ်။ လူမှုမီဒီယာကွန်ရက်တွေကို စိတ်ဝင်စားသူတွေများလာ ပေမဲ့အနာဂတ်ကာလပုဂ္ဂလိကဆက်သွယ်ရေးမှာအီးမေးလ် ကအရေးပါတဲ့ ဆက်သွယ်မှုတစ်ခု ဖြစ်နေပါသေးတယ်။                        Hotmail ကို ၁၉၉၅ ခုနှစ်က စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး တစ်လကိုအသုံးပြုသူ သန်း ၃၆၀ရှိတဲ့ ဝက်ဘ်ဆိုက်အခြေခံ အီးမေးလ်ဝန်ဆောင်မှု ဖြစ်ခဲ့ပါတယ်။တစ်ရက်အတွင်းမှာ လက်ခံရ၊ှိတဲ့ ကိုးဘီလီယံနဲ့ပေးပို့တဲ့ အီးမေးလ် သန်း ၃၀၀ ရှိပါတယ်။ Source:bernama.com