Main menu

Background

ဈေးအသက်သာဆုံး တဲဘလက်ကွန်ပျူတာကို အိန္ဒိယမှာ စတင်ဖြန့်ချိ

Tue, 10/11/2011 - 07:26 -- Anonymous (not verified)

                   အိန္ဒိယနိုင်ငံကအများပြည်သူသုံးနိုင်သော ကွန်ပျူတာကို အောက်တိုဘာ ၅ ရက်ကစတင်ပြီး ဖြန့်ချိခဲ့ပါတယ်။ အဲဒီ တဲဘလက်ကွန်ပျူတာဈေးနှုန်းက ၄၆ ဒေါ်လာ ဖြစ်ပြီး ကျောင်းသားသန်းပေါင်းများစွာအတွက် သတင်းအချက်အလက်များ ရယူနိုင်ဖို့ အတွက် အသုံးပြုနိုင်အောင်ရေးဆွဲထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းသားတွေကို အခမဲ့ဖြန့်ချိနိုင်ဖို့အတွက် ကွန်ပျူတာ တစ်လုံးကို ၂၂၇၆ ရူပီး (၄၆ ဒေါ်လာ )နဲ့ လုံးရေတစ်သိန်းကို အစိုးရက ဝယ်ယူခဲ့တယ်လို့ ကနေဒါ အခြေစိုက်ထုတ်လုပ်သူ ဒေတာဝင်း DataWind  က ပြောပါတယ်။ ကမ္ဘာ့ဈေးအချိုဆုံးကွန်ပျူတာလို့ အမည်တပ်နိုင်ဖို့အတွက် ဈေးနှုန်းကတစ်လုံးကို ၃၅ ဒေါ်လာ၊ တတ်နိုင်ရင် ၁၀ ဒေါ်လာအထိ ချနိုင်အောင်လုပ်ရပါမယ်လို့ နယူးဒေလီ မှာ ကျင်းပတဲ့ဖွင့်ပွဲမှာ ဒေတာဝင်းကပြောပါတယ်။ ကွန်ပျူတာမှာ ခုနှစ်လက်မ (၁၈ စင်တီမီတာ)ရှိတဲ့ Touchscreen  ဝိုင်ဖိုင်အင်တာနက်ဖန်ရှင်၊ မာလတီမီဒီယာပလေယာ နဲ့ မိနစ် ၁၈၀ ခံတဲ့ဘက်ထရီ ပါဝင်ပါတယ်။ ကွန်ပျူတာတံဆိပ်အမည်ကို Aakash  လို့အမည်ပေးထားပြီး ''ကောင်းကင်''လို့ အဓိပ္ပါယ်ရပါတယ်။ အိန္ဒိယပြည်တွင်းမှာ ထုတ်လုပ်တာဖြစ်ပြီး အန်ဒရွိုက် ၂ ဒသမ ၂ စက်လည်ပတ်မှုစနစ်ကိုသုံးပါတယ်။ External 2 GB Stroage Card နဲ့ USB နှစ်ခုပါပါတယ်။                       ပထမဆုံးအနေနဲ့ ကွန်ပျူတာတွေကို အပြင်ဆိုင်တွေမှာ မရောင်းသေးဘဲ တက္ကသိုလ်နဲ့ ကောလိပ်တွေကနေ တစ်ဆင့် ဖြန့်ချိမှာဖြစ်ပါတယ်။ ရေရှည်ဈေးကွက် မဟာဗျူဟာကို ချထားနိုင်ခြင်းမရှိသေးပါဘူး။ မိုဘိုင်းဖုန်းတွေကို လူတွေသန်းချီပြီး ဝယ်ကြသလို အိန္ဒိယစားသုံးသူတွေက တဲဘလက်ကွန်ပျူတာတွေကို အများအပြား ဝယ်ယူ လာကြလိမ့်မယ်လို့ စီးပွားဖြစ် ထုတ်လုပ်သူတွေက ခန့်မှန်းကြပါတယ်။ အပြည်ပြည်ဆိုင်ရာ နာမည်ကြီးနေတဲ့ အိုင်ပက်ကွန်ပျူတာက အိန္ဒိယမှာ ဒေါ်လာ ၆၀၀ ဈေးပေါက်ပြီး ပြိုင်ဖက်  Reliance Communication ကထုတ်တဲ့ တဲဘလက် ကွန်ပျူတာက ဒေါ်လာ ၂၉၀ ရှိပါတယ်။ Source.AFP.