Main menu

Background

ဂရိကယ်တင်ရေး လုပ်ငန်းစဉ်ကို ပိုမိုပွင့်လင်းမြင်သာအောင် ဆောင်ရွက်ဖို့ ဂျပန် ဘဏ္ဍာရေးဝန်ကြီး တိုက်တွန်း

Tue, 10/11/2011 - 07:31 -- Anonymous (not verified)

                        ယူရိုဇုန်ကြွေးမြီအကျပ်အတည်းဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ပိုမိုပွင့်လင်းမြင်သာအောင် ဆောင်ရွက်ဖို့နဲ့ ငွေကြေးဈေးကွက်တွေမတည်မငြိမ် ပိုမိုဖြစ်ပွား နေတာကို ထိန်းချုပ်ဖို့ ဥရောပနိုင်ငံတွေကို ဂျပန်ဘဏ္ဍာ ရေးဝန်ကြီးဂျန်အဇူမိက ထပ်မံတိုက်တွန်းနှိုးဆော်ပါတယ်။ ဘုံငွေကြေးသုံးစွဲတဲ့ အုပ်စုရဲ့အဖွဲ့ဝင် ဂရိနိုင်ငံမှာ ဘဏ္ဍာ ရေး ပြဿနာတွေဖြစ်ပွားနေတာကို စိုးရိမ်မှုတွေရှိနေပါတယ်။ နယူးယောက်မှာ ညတွင်းချင်းဥရောပငွေကြေး က တစ်ယူရိုကို ၁၀၀ ဒသမ ၉၆ ယန်းနှုန်းအထိ ကျဆင်းခဲ့ရာ တစ်ခဏအတွင်းမှာ ၁၀ နှစ်အတွင်း အနိမ့်ဆုံးနှုန်းထားကို ထိုးဆင်းခဲ့ပါတယ်။ ဒါကြောင့် ယန်းငွေကြးဟာယူရို ၊ ဒေါ်လာတွေနဲ့ ဖလှယ်ရာမှာ တန်ဖိုး မြင့်တက်လာခဲ့ပါတယ်။ ''ဒီကိစ္စကစီးပွားရေး ပြဿနာ ထက် နိုင်ငံရေးပြဿနာ အသွင်ဆောင်လာပါတယ်။ သူတို့ရဲ့ စောစောပိုင်း သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ လုပ်ငန်း စဉ်ကို ဥရောပခေါင်းဆောင်တွေက ထုတ်ဖော်ပြသခြင်း မရှိခဲ့ရင် မရေရာမှုတွေကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး''လို့ အဇူမိက ပြောပါတယ်။                           ဥရောပပါလီမန်က ဇူလိုင် ၂၁ ရက် သဘောတူညီ ချက်အရ ဂရိနိုင်ငံအတွက် ဒုတိယကယ်တင်ရေး စီမံကိန်း ကိုကြေညာခဲ့ပြီး ဥရောပဘဏ္ဍာရေးတည်ငြိမ်မှု အစီအစဉ် ( EFSF )  ဖြစ်တဲ့ ယူရိုဇုန်ဘဏ္ဍာရေးကယ်တင်မှုကို ဆောင်ရွက်ဖို့ အခွင့်အာဏာတွေကို ပိုမိုပေးအပ်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို နိုင်ငံအလိုက် အလျင်အမြန် အကောင် အထည်ဖော်ဖို့လည်း သူက နှိုးဆော်ခဲ့ပါတယ်။ တချို့နိုင်ငံ တွေက ယခုအချိန်ထိ ပါလီမန်မှာမဲခွဲဆုံးဖြတ်တာကို မဆောင်ရွက်ရသေးပါဘူး။                            ယခုနှစ်စောစောပိုင်းက ( EFSF )  ကထုတ်ဝေထား တဲ့ ဘွန်းစာချုပ်တွေရဲ့ ၂၀ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံက ဝယ်ယူထားပါတယ်။ အဲဒီအစီအစဉ်ကို အိုင်ယာလန်နဲ့ ပေါ်တူဂီနိုင်ငံတို့အတွက်ဖြစ်ပြီး ယခုတစ်ခါ ဂရိနိုင်ငံ အတွက် ဝယ်ယူဖို့ဂျပန်က ကတိပြုထားပါတယ်။ အထူးသဖြင့် အာရှဒေသမှာ ဂျပန်ထုတ်ကုန်တွေဟာ ပြိုင်ဘက်နိုင်ငံ တွေထက် ပိုမိုဈေးကြီးနေတဲ့အတွက် ယန်းငွေတန်ဖိုးမြင့်တက်နေမှုကြောင့် ဂျပန်ပို့ကုန်လုပ်ငန်းတွေက ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မှုကို ကျဆင်းစေခဲ့ပါတယ်။ Source.minichijapan.com