Main menu

Background

အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်က ဗီယက်နမ်စီးပွားရေးလုပ်ငန်းတွေအပေါ်ဝန်ပိ

Tue, 10/11/2011 - 07:35 -- Anonymous (not verified)

                      အောက်တိုဘာ ၁ ရက်က စပြီး ဗီယက်နမ်မှာ အနိမ့်ဆုံးနေ့တွက် လုပ်ခ လစာမူဝါဒသစ်ကို စတင်ကျင့် သုံးပါတယ်။ဒီမူဝါဒအရ အလုပ်သမားတစ်ဦးရဲ့ အနိမ့်ဆုံးလုပ်ခလစာက တစ်လကို ဗီယက်နမ်ဒေါင် ၁ သန်းရှိပါတယ်။ အလုပ်သမားတွေအတွက် လူမှုအာမခံပရီမီယံကို စီးပွား ရေး လုပ်ငန်းတွေက ပိုမိုတိုးမြှင့်ပေးရမှာဖြစ်တဲ့အတွက် ဒီမူဝါဒသစ်က သူတို့အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ စီးပွားရေးလုပ်ငန်းတွေ ပြောကြပါတယ်။                      အလုပ်သမား ၄၀၀ ရှိနေတဲ့ ကုမ္ပဏီတစ်ခုက လူမှုအာမခံ အဖြစ် တစ်လကို ဗီယက်နမ်ဒေါင် သန်း ၁၀၀ ထပ်ကုန်မယ်။ငွေကြေးဖေါင်းပွမှု ဖြစ်နေတဲ့အတွက် ဝယ်ယူနိုင်စွမ်းအားကျနေတဲ့ လက်ရှိအခြေအနေမျိုးမှာ ရောင်းအားကလည်းကျ၊ဝင်ငွေလည်းကျနေတဲ့အတွက် နောက်ထပ်ကုန် ကျရမဲ့ ကိစ္စမှန်သမျှက စီးပွားရေးလုပ်ငန်း တွေအတွက် ခေါင်းခဲစရာတွေ ဖြစ်နေတယ်လို့ ငုယင်ထရိုင်ကီယံ ကပြောပါတယ်။ကီယံက လက်ဆွဲအိတ် တွေ ထုတ်လုပ်တဲ့ Miti ကုမ္ပဏီရဲ့ဒါရိုက်တာတစ်ဦး ဖြစ်ပါတယ်။                         တကယ်တော့ အနိမ့်ဆုံးလစာသတ်မှတ်ချက်က အမည်ခံမျှသာ ဖြစ် တဲ့အတွက် အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကြောင့် အလုပ်သမားတွေ အတွက်ထူးပြီး အကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူး။ အလုပ်သမားတွေ တကယ်ရနေတဲ့ အနိမ့်ဆုံးလစာက ဥပမာ Miti မှာတစ်လကိုဒေါင် ၂ ဒသမ ၅ သန်းဖြစ်ပါတယ်။                         ဗီယက်နမ်လုပ်ငန်းတွေမှာ လစာစာရင်းနှစ်မျိုးထားပါတယ်။ပထမ တစ်မျိုးက နိုင်ငံတော်က သတ်မှတ် ထားတဲ့ နှုန်းထားနဲ့ တွက်ချက်တဲ့ လစာ စာရင်းဖြစ်ပါတယ်။ ဒီစာရင်းက လူမှုအာမခံပရီမီယံ တွက်ဖို့ထားတဲ့ စာရင်းဖြစ်ပြီး အမှန်ပေးရတဲ့ လစာထက်နည်းပြီး တွက်ထားပါတယ်။ ဒုတိယစာရင်း အလုပ်ရှင် အလုပ်သမားညှိနှိုင်းထားတဲ့ လစာအရ ရေးဆွဲ ထားတဲ့ စာရင်းဖြစ်ပါတယ်။ Source.vietnamnetbridge.com