Main menu

Background

၂၀၂၀ ခုနှစ်တွင် ဇီဝလောင်စာဆီသုံးကားများကို တိုယိုတာက ထုတ်လုပ်မည်

Tue, 10/11/2011 - 07:39 -- Anonymous (not verified)

                   သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မည့် လောင်စာဆီကို အသုံးပြုသောမျိုးစပ်ကားများ ကို ဈေးကွက်သို့ တင်ပို့နိုင်ရန်ရည်ရွက်ချက်ဖြင့် တိုယိုတာမော်တာကော်ပိုရေးရှင်းက စီးပွား ရေးလုပ်ငန်းသုံးအထိ အသုံးပြုနိုင်မဲ့ မော်တော်ကားများကို ထုတ်လုပ်ရန်ကြိုးပမ်းမှာဖြစ်ကြောင်း ပြောကြားပါတယ်။ လူတို့စားသုံးခြင်းမပြုနိုင်သော အပူပိုင်း မြက်အမျိုးအစား တစ်ခုမှ ထုတ် လုပ်တဲ့သကြားကို အချဉ်ဖောက်ယူပြီး အီသနောကိုထုတ်လုပ် ရန် တိုယိုတာက စမ်းသပ်ထားပြီး ဖြစ်ပါတယ်။                 ၂၀၂၀ ပြည့်နှစ်မှာ လက်တွေ့အသုံးပြုနိုင်ရန်အတွက် ကြိုးပမ်းသည့်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ဇီဝလောင် စာဆီကို ဈေးနှုန်းသက်သာစွာထုတ်လုပ်နိုင်မည့်နည်းကို တိုယိုတာက ရှာဖွေဖော်ထုတ်ပေးမှာဖြစ်ပါတယ်။ Source.asahi.com