Main menu

Background

ယူရိုဇုန်ဘွန်းစာချုပ်များကို ဝယ်ယူနိုင်တော့မှာမဟုတ်ကြောင်း အိုင်အမ်အက်ဖ်ပြောကြား

Tue, 10/11/2011 - 08:41 -- Anonymous (not verified)

                     အီတလီနဲ့စပိန်တို့ရဲ့ နိုင်ငံတော်ပိုင် ဘွန်းစာချုပ်တွေကို ဝယ်ယူဖို့ အနေအထားမရှိတော့ကြောင်း။ သို့သော် ထိုနိုင်ငံများရှိ ဘဏ်များကို အကူအညီပေးဖို့ နည်းလမ်းရှာဖွေမှာဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ရဲ့ ဥရောပဌာနခွဲအကြီးအကဲ အန်တိုနီယို ဘောဂက်စ်က မော်စကိုတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ ပြော ကြားပါတယ်။Source:economictimes.indiatimes.com