အာရှနိုင်ငံများတွင် ရေလွှမ်းမိုးမှုဒဏ်ကြောင့် ကမ္ဘာ့ဆန်ထုတ်လုပ်မှုကို ထိခိုက်လိမ့်မည်ဟု (IRRI) ပြောကြား

                    ထိုင်းမှ ဖိလစ်ပိုင်တစ်လျှောက် အာရှနိုင်ငံတွေမှာ ရေလွှမ်းမိုးမှုဒဏ်ခံစားရခြင်းကြောင့် စပါးပင်တွေ ပျက်စီးဆုံးရှုံးမှု က ကမ္ဘာ့ဆန်ထုတ်လုပ်မှုကို ထိခိုက်စေကာ ဆန်ဈေးနှုန်းကို မြင့်တက်စေလိမ့်မယ်လို့ နိုင်ငံတကာ ဆန်သုတေသန သိပ္ပံ (IRRI)  က ပြောကြားခဲ့တယ်။                       ထိုင်းနိုင်ငံမှာ ရေကြီး၊ ရေလျှံခြင်းက စပါးတန်ချိန် ၅သန်း ကိုပျက်စီးစေမယ်လို့ခန့်မှန်းထားတဲ့အပြင် ဖိလစ်ပိုင်မှာတိုင်ဖုန်းမုန်တိုင်းဒဏ် ခံစားရခြင်း ၊ ကမ္ဘောဒီးယားနဲ့ လာအိုမှာ ရေကြီး ခြင်းတို့က ၎င်းင်းဒေသတွေရဲ့ ဆန်ထုတ်လုပ်မှုကို လျော့ကျစေမယ်လိ့ု (IRRI)  မှ ဝါရင့်စီးပွားရေးပညာရှင် Samarendu Mohanty က ပြောကြားတယ်။ ဒါကြောင့် ယခုနှစ် ကမ္ဘာ့ ဆန်ထွက်နှုန်း (စက်တင်ဘာလ ၁ ရက်မှ စတင်တဲ့ သီးနှံနှစ်) ကို တန်ချိန်သန်းပေါင်း ၄၆၀ အောက် ရောက်ရှိမယ်လို့ ယခင်လက ခန့်မှန်းထားသော်လည်း ယခုအခါ လျှော့ချခန့်မှန်းလိုက် ကြောင်း၊ တန်ချိန်သန်းပေါင်း ၄၅၅ ဝန်းကျင်သာ ထုတ်လုပ်နိုင် မယ်လို့ပြောင်းလဲခန့်မှန်းထားကြောင်း သိရတယ်။ ဆန် ရောင်း လိုအား လျှော့ချခန့်မှန်းလိုက်ရာ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ် အစောပိုင်းကာလ ကမ္ဘာ့ဆန်ရောင်းလိုအားနဲ့ ဝယ်လိုအားကို မညီမျှမှုဖြစ်စေနိုင်ကြောင်း၊လက်ရှိမှာတစ်တန်ကို၆၁၉ ဒေါ်လာရှိတဲ့ ထိုင်းဆန်ဖြူဈေးနှုန်းက ၂၁ ရာခိုင်နှုန်း မြင့်မားနိုင်ကာ တစ်တန်ကို ၇၅၀ ဒေါ်လာအထိ ရောက်ရှိနိုင်ကြောင်း ထိုင်း နိုင်ငံရဲ့ စတုတ္ထမြောက် ဆန်တင်ပို့မှုအများဆုံးCP.Trading Co., မှ အမှုဆောင်အရာရှိချုပ် Sumeth Laomoraphorn က ခန့်မှန်းထားတယ်။                       ဒါကြောင့် ချီကာဂိုကုန်စည်ရောင်းဝယ်ရေးမှာလည်း နိုဝင်ဘာလအရောက်ပို့ရမယ့် ဆန်ကြမ်းကြိုပွိုင့် ဈေးနှုန်းက ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်မားကာ ပေါင် ၁၀၀ ကို ၁၆ ဒသမ ၂၃ ဒေါ်လာနဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ က ရောင်းချခဲ့ရတယ်။ အဓိကမှာ အောက်တိုဘာလမှ ဒီဇင်ဘာလအထိကာလအတွင်း ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှု ထက် ဝက် လျော့ကျသွားဖွယ်ရှိကာ တစ်လကို ဆန်တန်ချိန် ပေါင်း ၅၀၀၀၀၀ သာ တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားတယ်။ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့မှာလည်း ဆန်တင်ပို့မှု လျော့ကျနိုင် ကြောင်း၊ဒါပေမဲ့ အိန္ဒိယဆန်ထုတ်လုပ်မှုက ထိုင်း ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့မှ ဆန်တင်ပို့မှု လျော့ကျခြင်းကို အစားထိုး ပေးနိုင်မှာဖြစ်ရာ ဆန်ဈေးနှုန်းများစွာ မြင့်မားမှုကို အထိန်း အကွပ်သဖွယ် ဖြစ်လာနိုင်ကြောင်း Sumeth  က ပြောကြားတယ်။                   အိန္ဒိယက ကမ္ဘာမှာဒုတိယမြောက် ဆန်ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပြီး (၃) နှစ်ကျော် ဆန် (ဘာစမာတီ မဟုတ်သောဆန်) တင်ပို့မှု ပိတ်ပင်ထားခြင်းကို ယခုနှစ် ဇူလိုင်လအတွင်းက ဖယ်ရှားလိုက်ပြီး ဆန်တင်ပို့မှုကို ပြန် လည်ခွင့်ပြုလိုက်တယ်။ ယခုပြက္ခဒိန်နှစ်အတွင်း အိန္ဒိယရဲ့ ဆန်တင်ပို့မှုက ကမ္ဘာ့ဆန်ကုန်သွယ်မှုရဲ့ ၁၁ ရာ ခိုင်နှုန်း ရှိနိုင် ကြောင်း၊ အမေရိကန်နဲ့ ပါကစ္စတန်နိုင်ငံရဲ့ ဆန်တင်ပို့မှု ပမာဏကိုကျော်ဖြတ်ကာ ကမ္ဘာ့တတိယမြောက် ဆန် တင်ပို့မှု အများဆုံး နိုင်ငံဖြစ်လာနိုင်ကြောင်း USDA  က စက်တင်ဘာ ၁၂ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ပပ၊ ှSource:businessweek.com