အရေးပေါ်ဆန်သိုလှောင်ထားမှု အစီအစဉ်စတင်တော့မည့် အရှေ့တောင်အာရှ နိုင်ငံများနှင့် မိတ်ဖက်သုံးနိုင်ငံ

                       အာဆီယံ ၁၀ နိုင်ငံမှ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးတွေက ကုန်သွယ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံတွေနဲ့ အရန်ဆန် သိုလှောင်ထားမှုအစီအစဉ်ကို ပြုလုပ် သွားဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ ကြတယ်။                      ဒီလို သဘောတူညီခဲ့ရခြင်းမှာ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ပါက အရေးပေါ်ကိစ္စရပ်တွေမှာ အသုံးပြုသွားဖို့ဖြစ်တယ်။ အာဆီယံနဲ့ မိတ်ဖက် သုံးနိုင်ငံ အရေးပေါ်ဆန်သိုလှောင်ထား ဖို့ သဘောတူညီချက် ASEAN Plus Three Emergency Rice Reserve accord (APTERR) ကို အောက်တို ဘာ ၇ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာ တာမှာပြုလုပ်ခဲ့တဲ့ လယ်ယာစိုက်ပျိုးရေး နဲ့ သစ်တောဝန်ကြီးများ တစ်နေ့တာ တွေ့ဆုံတဲ့ အစည်းအဝေးမှာ လတ်မှတ် ရေးထိုးခဲ့ကြတယ်။                      ကနဦးက ၁၃ နိုင်ငံက ဆန်အရန် တန်ချိန် ၇၈၇၀၀၀ ကို သဘာဝဘေး အန္တရာယ်တွေနဲ့ ကြုံတွေ့ပါက ချက် ချင်းအသုံးပြုနိုင်ရေးအတွက် သိုလှောင် ထားဖို့ သဘောတူညီခဲ့ခြင်းဖြစ်တယ်။ သဘောတူညီချက်အရ တရုတ်က ဆန် တန်ချိန် ၃၀၀၀၀၀ ကို လည်းကောင်း၊ ဂျပန်က ဆန်တန်ချိန် ၂၅၀၀၀၀ ကို လည်းကောင်း၊ တောင်ကိုရီးယားက ဆန်တန်ချိန် ၁၅၀၀၀၀ ကို လည်းကောင်း ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ကျန်အာဆီယံ ၁၀ နိုင်ငံက ဆန်တန် ချိန် ၈၇၀၀၀ကို ဖြည့်ဆည်းပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ထိုင်းက အာဆီယံနိုင်ငံတွေအနက် ဆန်တန်ချိန် အများဆုံးထည့်ဝင်မယ့်သူဖြစ်ပြီး တန်ချိန် ၁၅၀၀၀ ကိုလည်းကောင်း၊ ဗီယက်နမ်နဲ့ မြန်မာက ဆန်တန်ချိန် ၁၄၀၀၀ စီလည်းကောင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်က ဆန်တန်ချိန် ၁၂၀၀၀ အသီးသီး ထည့်ဝင်သွားမှာဖြစ်တယ်။ တကယ်လို့လိုအပ်ပါက အင်ဒိုနီးရှားအနေနဲ့ သတ်မှတ်ထားတဲ့ ထည့်ဝင် ဆန်ထက်နှစ်ဆကို ထောက်ပံ့ပေးသွား မှာဖြစ်ကြောင်း အင်ဒိုနီးရှားလယ်ယာ စိုက်ပျိုးရေးဝန်ကြီးှ Suswono က ပြောကြားလိုက်တယ်။                   မလေးရှားက ဆန်တန်ချိန် ၆၀၀၀၊ စင်ကာပူက ဆန်တန်ချိန် ၅၀၀၀နဲ့ ဘရူနိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့က ဆန်တန်ချိန် ၃၀၀၀ စီ ထောက်ပံ့ပေးသွား မှာဖြစ်တယ်။ ဆန်တွေကို သက်ဆိုင်ရာ နိုင်ငံတွေမှာ အရေးပေါ်လိုအပ်ပါက အသုံးပြုဖို့ သိုလှောင်ထားမှာဖြစ်တယ်။                     ဒါ့အပြင် ဝန်ကြီးတွေမှ အရန်ဆန် သိုလှောင်ထိန်းသိမ်းရာမှာကုန်ကျစရိတ် တွေကို ထေမိစေဖို့အတွက် ကန်ဒေါ်လာ ၄ သန်းကို ရန်ပုံငွေထူထောင်သွား ဖို့ သဘောတူညီခဲ့ကြတယ်။ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ကန်ဒေါ်လာ တစ်သန်းစီ ထည့်ဝင်သွားမှာ ဖြစ်ပြီး၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေး ရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊စင်ကာပူနဲ့ ဗီယက်နမ်တို့က ကန်ဒေါ်လာ ၁၀၇၅၀၀ စီကို လည်းကောင်း၊ လာအိုနဲ့ မြန်မာက ကန် ဒေါ်လာ ၈၃၀၀၀ အသီးသီးကို လည်းကောင်း မတည်သွားမှာဖြစ်တယ်။ နိုင်ငံများစွာအတွက် ငွေထည့်ဝင် ခြင်းက ဘဏ္ဍာရေးစွမ်းဆောင်မှုကို မူ တည်ကာ ကွဲပြားသွားကြောင်း အစည်း အဝေး ဥက္ကဋ္ဌ Achmad Suryana  က ပြောကြားလိုက်တယ်။                       အရေးပေါ်ဆန် သိုလှောင်ထားမှု အတွက်လိုအပ်တဲ့ဆန်ကို အရှေ့အာရှ မှလည်း ဝယ်ယူသိုလှောင်နိုင်ကြောင်း ဝန်ကြီးတွေက သဘောတူညီခဲ့ကြ တယ်။ ဥပမာအနေနဲ့ စင်ကာပူတို့လို ဆန်မစိုက်ပျိုးတဲ့နိုင်ငံက ဆန်တင်သွင်း မှုကိုသာ မှီခိုနေရတာကြောင့်ဖြစ်တယ်။ ဒါ့ပြင် တရုတ်၊ ဂျပန်နဲ့ တောင်ကို ရီးယားတို့က စီမံချက်စတင်တဲ့ ငါးနှစ် အတွင်းမှာ လုပ်ငန်းအကောင်အထည် ဖော်မှုကုန်ကျစရိတ်ကိုထေမိစေဖို့အတွက် နှစ်စဉ်ကန်ဒေါ်လာ ၇၅၀၀၀ကိုထောက် ပံ့ပေးသွားမှာဖြစ်ပြီး အာဆီယံနိုင်ငံတွေ က နှစ်စဉ် ကန်ဒေါ်လာ ၈၀၀၀ စီ ကိုထောက်ပံ့ပေးသွားမယ်။ ဗန်ကောက် က စီမံချက်အတွင်းဝန်များရုံးကို အိမ် ရှင်အဖြစ် ခေါင်းဆောင်ဖို့ စဉ်းစား လျက်ရှိတယ်။                        အာဆီယံနိုင်ငံတွေက ၁၉၇၉ ခုနှစ် ကတည်းက စားနပ်ရိက္ခာဖူလုံမှုရှိရေး အတွက် အရေးပေါ်သိုလှောင်ထားဖို့ စတင်ခဲ့ပေမဲ့လည်း အစီအစဉ် မဖြစ် မြောက်ဘဲ နှစ်နိုင်ငံသဘောတူညီချက် တွေအပေါ်အခြေခံကာ အချင်းချင်း အထောက်အပံ့တွေ ပေးခဲ့ကြတယ်။                          အရှေ့တောင်အာရှနိုင်ငံတွေက စားသောက်ကုန်ထုတ်လုပ်မှု ပိုလျှံဒေသကြီး ဖြစ်ပြီး စင်ကာပူနဲ့ ဘရူနိုင်းသာ သွင်းကုန်အပေါ် မှီခိုနေရတယ်။ ဒါပေမဲ့ သဘာဝဘေး အန္တရာယ်တွေကြောင့် စားသောက်ကုန်ဈေးနှုန်း မတည်ငြိမ်မှု တွေဖြစ်ပေါ်ခဲ့ရာ အာဆီယံနိုင်ငံတွေက စားနပ်ရိက္ခာဖူလုံမှုရှိရေးအတွက် အတူ တကွ စည်းလုံးလုပ်ဆောင်လာကြခြင်း ဖြစ်ကြောင်း သတင်းရရှိပါတယ်။         search.japantimes.co.jp အေးမွန်မွန်လှိုင်