Main menu

Background

အိန္ဒိယမှာ ပဲအသစ်ပေါ်ချိန် မတ်ပဲအပို၊လျော့

Mon, 10/17/2011 - 03:11 -- Anonymous (not verified)

                 ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်များက တန်ချိန် နှစ်သောင်းကျော်ရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၂ ရက်မှ ၇ ရက်) အတွင်းမှာတော့ တန်ချိန် ၁၆၀၀၀ ကျော်ကို လျော့ကျတင်ပို့ခဲ့ တာ တွေ့ရပါတယ်။ လတ်တလော အရောင်းအဝယ်ဖြစ်မှုနည်းတဲ့အတွက် ယခင်အရောင်းအဝယ် ဖြစ် ထားတဲ့ ပဲများတင်ပို့နေခြင်းဖြစ်တယ်လို့ သိရပါတယ်။                    လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလ ၇ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့မှု ဟာ တန်ချိန် ၄၂၀၀၀၀ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၇၅၀၀၀ ကျော်သာရှိတာ တွေ့ရပါတယ်။ အိန္ဒိယမှာ မတ်ပဲအသစ်ဝင်တဲ့ကာလဖြစ်လို့ ဝယ်လို အားနည်းပြီး တင်ပို့မှုနည်းခြင်းဖြစ်ပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ကုန်သည်ကြီးများက ခန့်မှန်းထားပါတယ်။          MIRT-MAPT