Main menu

Background

ပဲစင်းငုံတင်ပို့မှု လျော့ကျလာ

Mon, 10/17/2011 - 03:19 -- Anonymous (not verified)

                 ယခင်သီတင်းပတ်များက ပြည်ပကို ပဲစင်းငုံတန်ချိန် ၆၀၀၀ ကျော်၊ ၇၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာလ ၂ ရက်မှ ၇ ရက်) အတွင်း မှာတော့ တန်ချိန် ၅၁၀၀ ကျော်ကို လျော့ကျလာခဲ့ပါတယ်။ ပြည်ပဝယ်လိုအား နည်းတာကြောင့် တင်ပို့မှုလျော့ကျလာခြင်းဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင် ဘာလ ၇ ရက်နေ့အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၂၅၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တန်ချိန် ၅၈၀၀၀ ကျော်ရှိလို့ ယခုနှစ်ကာလတူမှာ တစ်ဆကျော်ပိုတင်ပို့လာနိုင်တာတွေ့ရပါတယ်။ လတ်တလောမှာ ပြည်ပအရောင်း အဝယ်နည်းလို့ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။   MIRT-MAPT