Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ် မရှိသလောက်နည်း

Mon, 10/17/2011 - 03:21 -- Anonymous (not verified)

                        ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှာ ပဲစင်းငုံနီကို FOB အရောင်းအဝယ် မရှိသလောက်နည်းတာ တွေ့ရပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် ၁၄၀၀ ခန့် ပြည်ပအရောင်းအဝယ် စာချုပ်ခဲ့ပေမဲ့ ယခုသီတင်းပတ် (အောက်တိုဘာ လ ၇ ရက်မှ ၁၃ ရက်) အတွင်းမှာတော့ ပဲစင်းငုံနီခွဲခြမ်း တန်၅၀ခန့်သာ အရောင်းအဝယ်စာချုပ်ခဲ့ပြီး ပဲစင်းငုံဖြူနီနဲ့ အနီမှာ အရောင်းအဝယ်ဖြစ်မှုမရှိကြောင်း သိရပါတယ်။                          အိန္ဒိယဝယ်လက်များအနေနဲ့ ပြည်တွင်းမှာ ဈေးကျဆင်းနေခြင်း၊ ပဲအသစ်မထွက်မီ ဈေးသက်သာတဲ့ အာဖရိကပဲစင်းငုံကို ဝယ်ယူဖို့ စောင့်ကြည့်နေခြင်း တို့ကြောင့် မြန်မာပဲစင်းငုံ အဝယ်နည်းသွားခြင်းဖြစ်ပါတယ်။ အရောင်းအဝယ်နည်း ပြီး ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး ကျဆင်းခြင်းတို့ကြောင့် ရန်ကုန် FOB ဈေးလည်း ကျခဲ့ပါတယ်။                          ပဲစင်းငုံနီ            ဖြူနီ            ငုံနီ(အဟောင်း)၁၄-၁၀-၁၁        ၅၈၀-၆၀၀        ၄၈၀-၅၀၀          ၅၇၀-၅၉၀၇-၁၀-၁၁           ၅၉၅-၆၁၅       ၄၇၀-၄၉၀           ၅၈၀-၆၀၀MIRT(MAPT)