Main menu

Background

အိန္ဒိယကုလားပဲ လက်ငင်းဈေးက ကြိုပွိုင့်ဈေးထက်မြင့်တက်နေ

Mon, 10/17/2011 - 03:49 -- Anonymous (not verified)

                      အိန္ဒိယလက်ငင်းဈေးကွက်မှာ ကုလားပဲပေါက်ဈေးဟာ ကြိုပွိုင့်ဈေးနဲ့ယှဉ်ရင် ပိုမိုနေတယ်လို့ သိရပါတယ်။ လက်ငင်းဈေးတည်ငြိမ်နေပေမယ့် တင်သွင်းထားတဲ့ ကုလားပဲဖြူလုံးကြီးများနဲ့ အခြားပဲများ စတင်ဝင်ရောက်နေ တာကြောင့် လက်ငင်း ဈေး လျော့ကျမှုဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ စက်တင် ဘာလ ၂၇ ရက်နေ့ ကြိုပွိုင့်ဈေး တစ်တန်ကိုရူပီး ၃၆၆၁၀ (ကန်ဒေါ်လာ ၇၄၄) ထိမြင့်တက်ခဲ့ရာမှ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ၁၅ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန် ရူပီး ၃၀၉၇၀(ကန်ဒေါ်လာ ၆၃၀)ဖြစ်လာခဲ့ပြီး၊ လက်ငင်း ဈေးမှာ ယင်းကာလအတွင်း ရူပီး ၃၆၂၅၀ (ကန်ဒေါ်လာ ၇၃၇)မှ ရူပီး ၃၂၅၈၀ (ကန်ဒေါ်လာ ၆၆၂) ကို ၁၀ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီပါဝလီပွဲတော်ပြီးရင်စတင်မယ့်ဆောင်းရာသီစိုက်ပျိုးမှုမှာ ကုလားပဲ စိုက်ဧက ပိုမိုစိုက်ပျိုးဖို့ လက်ရှိဈေးနှုန်းက တောင်သူတွေကို အားဖြည့်ပေးနေ တယ်လို့ အိန္ဒိယပဲမျိုးစုံနဲ့ သီးနှံအသင်း ဒုတိယဥက္ကဌ Bimal Kothari က ပြောကြားပါတယ်။ ကုလားပဲဟာ ဆောင်းရာသီရဲ့ အဓိက သီးနှံဖြစ်ပါတယ်။ ရာဂျက်စသန်အစိုးရဟာ ကုလားပဲသိုလှောင်မှု ပမာဏ ကန့်သတ်တာကို လည်း ဆောင်ရွက်ခဲ့ရာ ကြိုပွိုင့် ဈေးကွက်များအပါအဝင် ဈေးနှုန်းပြင်ဆင်ပြောင်းလဲ မှုများ ရှိလာပါတယ်။                      ကုလားပဲသစ်များ ဖေဖော်ဝါရီလအစပိုင်းမှာ ဝင်ရောက်မှာဖြစ်ပြီး၊ ပြည်တွင်း စားသုံးမှု ပြည့်မီဖို့ တန်ချိန် ၁ သန်းခန့် လိုအပ်မှာဖြစ်တဲ့အနက် တစ်ဝက်ခန့်မှာ တင်သွင်းမှုတွေလုပ်နေတယ်လို့ဆိုပါတယ်။ တင်သွင်းပဲများ စတင်ဝင်ရောက် ရောင်း ချပါက လက်ငင်းဈေးလည်း ပြောင်းလဲလာနိုင်တယ်လို့ ကုန်သည်တစ်ဦးမှ ဆိုပါတယ်။ ယမင်းခင် ၊Source: commodityonline