Main menu

Background

မုံရွာကုလားပဲ Export အဝယ်နဲ့ ဒေသသုံးအရောင်းပုံမှန်သာရှိ

Mon, 10/17/2011 - 03:52 -- Anonymous (not verified)

                      အောက်တိုဘာလ ဒုတိယပတ်မှာ တစ်ပတ်လောက်ရွာနေတဲ့မိုး စဲသွားခဲ့ပေမယ့် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ကတော့ ဆက်လက်အေးနေခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့အပတ်တွေက ဝယ်လိုအား အကောင်းဆုံး ဖြစ်တဲ့ V2 ဟာ ဒီတစ်ပတ်မှာ ရန်ကုန် Export  ဝယ်လက်ရှိလို့ တစ်နေ့တင်း ၃၀၀ ခန့်သာ အရောင်း အဝယ် အေးသွားခဲ့တယ်လို့ ကုန်သည်ရပ်ကွက်က ကြားသိရပါတယ်။ ၉၂၉ တိုင်ပေနဲ့ ကုလားပဲရိုးရိုးကတော့ ကြာဇံ၊ ပဲမှုန့်နဲ့ ခွဲစက်လိုင်းက ပုံမှန်အဆွဲရှိလို့ တစ်နေ့ တင်း ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်ပေါက်ဈေး အနေနဲ့ ဠ၂ တစ်တင်း ၂၃၅၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်၊ ၉၂၉ တစ်တင်း ၁၉၂၀၀ ကျပ်မှ ၁၉၅၀၀ ကျပ်၊ တိုင်ပေတစ်တင်း ၁၉၅၀၀ ကျပ်မှ ၁၉၇၀၀ ကျပ်၊ ကုလားပဲ ရိုးရိုးတစ်တင်း ၁၈၅၀၀ ကျပ်မှ ၁၉၀၀၀ ကျပ် အသီးသီးဈေးငြိမ်နေခဲ့ပါတယ်။ ယခုရက်သတ္တပတ်အတွင်း မန္တလေးကို တင်း ၂၀၀၀ ခန့်နဲ့ ရန်ကုန်ကို တင်း ၃၀၀၀ ခန့်သာ ကုန်းလမ်းကနေ စီးဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်