Main menu

Background

ကနေဒါပဲ အထွက်လျော့ကျလို့ ပဲဈေး ခိုင်မာနိုင်

Mon, 10/17/2011 - 03:53 -- Anonymous (not verified)

                    ကနေဒါနိုင်ငံရဲ့ ပဲထုတ်လုပ်မှုလျော့ကျပြီး ပြည်ပ တင်ပို့မှုပါ ကျဆင်းဖွယ်ရှိတာကြောင့် ပဲဈေးခိုင်မာနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ အထူးသဖြင့် ပဲလုံးတင်ပို့မှု ကျဆင်းတာကြောင့် စုစုပေါင်း ပဲတင်ပို့မှုဟာ တန်ချိန် ၃ ဒသမ ၇ သန်းကို ယခင်နှစ်ထက် ၂၂ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ စုစုပေါင်း ပြည်တွင်းပဲသုံးစွဲမှုမှာ ၂၀၁၀- ၂၀၁၁ အလားတူ တန်ချိန် သုည ဒသမ ၈ သန်းရှိနိုင်ပြီး လက်ကျန်ပမာဏမှာ တန်ချိန် ၁ ဒသမ ၃သန်းကို ကျ ဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအလားအလာ အနေနဲ့ ရိတ်သိမ်းမှု အခြေအနေ၊ အပူချိန်၊ ငွေကြေးလဲ လှယ်နှုန်းနဲ့ ကမ္ဘာ့သီးနှံထွက်ရှိမှု အခြေအနေများကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။                                                  ပဲနီလေး                      ပဲနီလေးအနေနဲ့ အထွက်နှုန်းမှာ ယခင်နှစ် အတိုင်း ဖြစ်နိုင်ပေမဲ့ စိုက်ဧရိယာလျော့ကျတာကြောင့် ထွက်ရှိမှုမှာ ၂၀၁၀-၂၀၁၁ ကထက် ၁၈ ရာခိုင်နှုန်းကျ ဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ပဲစိမ်းလုံးထုတ်လုပ်မှုဟာ တန်ချိန် သုည ဒသမ ၆ သန်းကို အနည်းငယ်ကျဆင်း နိုင်ပြီး ပဲနီလေးမှာ တန်ချိန် သုည ဒသမ ၈ သန်းကို ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ကျန်များတာကြောင့် ရောင်းချမှုမှာ ၁၇ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၂ ဒသမ ၄ သန်းရှိမယ်လို့ဆိုပါတယ်။ အထူး သဖြင့် တူရကီနဲ့ တောင်အမေရိကားက ဝယ်လိုအား တိုးတက်တာကြောင့် တင်ပို့မှု တိုးတက်နိုင်တယ်လို့ ခန့်မှန်းခြင်းဖြစ်ပါတယ်။                                         ကုလားပဲဖြူလုံးကြီး                    ကုလားပဲဖြူလုံးကြီးအနေနဲ့ ၅ နှစ်အတွင်း ပျမ်းမျှ အထွက်နှုန်းနီးပါး ထွက်ရှိပေမဲ့ ရိတ်သိမ်းဧရိယာလျော့ ကျတာကြောင့် ယခင်နှစ်ထက် ၅၈ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၅၄၀၀၀ ခန့် သာရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကာဘူလီ ကုလားပဲနဲ့ ဒေစီကုလားပဲ နှစ်မျိုးလုံး ၂၀၁၀- ၂၀၁၁ ကထက် အထွက်ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။                  ၂၀၁၀-၂၀၁၁ အတွင်း ဈေးကွက်ပေါက်ဈေး စံချိန်တင် မြင့်တက်ပေမဲ့ ထုတ်လုပ်မှုစရိတ်ကြီးမြင့်ခြင်း၊ ကုလားပဲစိုက်ပျိုးမှု ကရိကထများခြင်းတို့ကြောင့် ၂၀၁၀-၁၁ အတွင်းမှာ အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးလာကြ ပါတယ်။ စုစုပေါင်းရောင်းချမှု သိသိသာသာ ကျဆင်း နိုင်ပြီး လက်ကျန်လည်း ကျဆင်းတာကြောင့် ပြည်ပတင် ပို့မှုလည်း ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျနဲ့ တူရကီတို့မှာ ရောင်းချမှုလျော့ကျတာကြောင့် ပျမ်မျှဈေးနှုန်းအနေနဲ့ ပြောင်းလဲမှုမရှိနိုင်ကြောင်း ခန့်မှန်း ကြပါတယ်။ အမေရိကန် ကုလားပဲဖြူလုံးကြီး ထုတ်လုပ် မှုမှာလည်း ရိတ်သိမ်းဧရိယာကျဆင်းတာကြောင့် တန်ချိန် ၈၀၀၀၀ ကို ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယခင်းရွှေစင် Source: Agriculture and Agri- Food