Main menu

Background

မြေထောက်ပဲတင်ပို့မှု ပိုမိုပြီး ထောပတ်ပဲတင်ပို့မှု လျော့ကျ

Mon, 10/17/2011 - 04:04 -- Anonymous (not verified)

                  ပင်လယ်ရေကြောင်းက တင်ပို့မှုမှာ ယခုသီတင်းပတ် မြေထောက်ပဲတင်ပို့မှု ပိုမိုပြီး ထောပတ်ပဲတင်ပို့မှု လျော့ကျလာတာတွေ့ရပါတယ်။ အောက်တိုဘာလ ၂ ရက်မှ ၇ ရက်အတွင်း မြေထောက်ပဲ တန်ချိန် ၄၈၀ ကျော် တင်ပို့ခဲ့ပြီး ထောပတ်ပဲမှာ တန် ၁၀၀ ခန့်သာရှိလို့ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ မြေထောက်ပဲ တန် ၄၁၀ ကျော်နဲ့ ထောပတ်ပဲ တန်ချိန် ၂၀၀ ခန့်နဲ့ ယှဉ်ရင် မြေထောက်ပဲပိုတင်ပြီး ထောပတ်ပဲ တင်ပို့မှု ကျဆင်းခဲ့ပါတယ်။                           FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အောက်တိုဘာလ ၇ ရက် မှ ၁၃ ရက်အတွင်း မြေထောက်ပဲ တန်ချိန် ၁၃၃ တန်သာ ဖြစ်ခဲ့ပြီး ထောပတ်ပဲ အရောင်းအဝယ်မဖြစ်ခဲ့ကြောင်းသိရပါတယ်။ လက်ကျန်နည်းလာပြီဖြစ်လို့ အောက်တိုဘာလ ၁၃ ရက်အထိပထမ ၂ ပတ်အတွင်း မြေထောက်ပဲ တန် ၅၁၅ နဲ့ ထောပတ်ပဲတန်ချိန် ၁၄၀ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ ရှိပြီး၊ ထောပတ်ပဲ FAQ တစ်တန်ကန် ဒေါ်လာ ၇၃၀-၇၅၀ ရှိကြောင်း သိရပါတယ်။     MIRT-MAPT