Main menu

Background

PEC အေဂျင်စီမှ ပဲမျိုးစုံတန်ချိန် ၁၈၀၀၀ တင်ဒါခေါ်

Mon, 10/24/2011 - 04:04 -- Anonymous (not verified)

               အိန္ဒိယနိုင်ငံ PEC  အေဂျင်စီမှ ပဲမျိုးစုံတန်ချိန် ၁၈၀၀၀ တင်သွင်းဖို့ တင်ဒါခေါ်ထားပါတယ်။ တင်သွင်း မယ့် ပဲများကတော့ မြန်မာ့မတ်ပဲ SQ တန် ၂၀၀၀၊ မတ်ပဲ FAQ တန် ၄၀၀၀၊ ကနေဒါ ပဲနီလေးဟောင်း တန် ၂၀၀၀၊ ပဲနီလေးသစ် တန် ၂၀၀၀၊ အမေရိကန် ပဲနီလေးဟောင်း တန် ၂၀၀၀၊ ပဲနီလေးသစ် တန် ၂၀၀၀၊ သြစတြေးလျ ဒေစီကုလားပဲ တန် ၂၀၀၀ နဲ့၊ တန်ဇန်းနီးယား ဒေစီကုလားပဲ တန် ၂၀၀၀ တို့ဖြစ်ပါတယ်။               တင်သွင်းမယ့် ပဲများကို မွန် ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းများသို့ နိုဝင် ဘာလအရောက် ပေးပို့ရမယ်လို့ သိရပါတယ်။ ဝယ်ယူရေး တင်ဒါကို အောက်တိုဘာလ ၂၁ ရက်မှာ ပိတ်သိမ်းမှာဖြစ်ကြောင်း သိရပါတယ်။ ယမင်းခင် Source: nnscommodityonline