Main menu

Background

ပဲလွန်းဖြူတင်ပို့မှု ပိုမို၊ အရောင်းအဝယ်ဖြစ်မှုလျော့

Sun, 10/30/2011 - 04:09 -- Anonymous (not verified)

                ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ၂၁ ရက်အထိ စုစုပေါင်းတင်ပို့ပြီး စီးမှုဟာ တန်ချိန် ၁၅၉၀၀ ခန့်၊ ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၁၄ သန်းကျော် ရှိတာတွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့မှုအနေနဲ့ ပဲလွန်းဖြူတန်ချိန် ၁၆၁၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၃ သန်း ကျော်သာရရှိလို့ ယခင်နှစ်တင်ပို့မှု ပမာ ဏပိုမိုပေမဲ့ ဝင်ငွေအားဖြင့် ယခုနှစ်မှာ ပိုမိုရရှိတာ တွေ့ရပါတယ်။                   ယခုတစ်ပတ် အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်အတွင်း တင်ပို့မှု အနေနဲ့ တန်ချိန် ၄၀၀ ကျော်ရှိပြီး တင်ပို့ တဲ့ နိုင်ငံများကတော့ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။                     ရန်ကုန် FOB ဈေးကွက်မှာ အောက်တိုဘာလ ၂၁ ရက်မှ ၂၇ ရက် အတွင်း ပဲလွန်းဖြူ အရောင်းအဝယ် ဖြစ်မှုမှာ တန်ချိန် ၁၂၀ ခန့်သာရှိလို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်မှု တန်ချိန် ၄၀၀ ကျော်ထက် လျော့ကျ ခဲ့ပါတယ်။ လက်ကျန်နည်းလာပြီဖြစ်လို့ အရောင်းအဝယ်ဖြစ်မှုနည်းပါးလာပါတယ်။                     ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ် ဈေးဖြစ်တဲ့ FAQ တစ်တန်ကန်ဒေါ်လာ ၈၄၀-၈၆၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ နဲ့ အောက်တိုဘာလ ၂၈ ရက်နေ့အထိ ငြိမ်နေပါတယ်။ MIRT-MAPT