Main menu

Background

တရုတ်ပြည်မှာ ကဏန်းဈေးကွက်ရရှိမှု ပိုမိုကျယ်ပြန့်လာသဖြင့် ယမန်နှစ်ထက် တင်ပို့မှုပို

Mon, 11/21/2011 - 06:15 -- Anonymous (not verified)

                       မိမိဘက်မှ ကဏန်းများအား တရုတ်ဘက်မှ စားသုံးမှုပိုမိုခြင်း၊ တရုတ်ပြည် ကဏန်းဈေးကွက်ရရှိမှု ပိုမို ကျယ်ပြန့်လာခြင်း၊ ဈေးပိုမိုရရှိလာခြင်းတို့ကြောင့် အောက်တိုဘာလ ကဏန်းတင်ပို့မှုဟာ ယမန်နှစ်ကာလတူ ထက် တန် ၃၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အောက်တိုဘာလမှာ ကဏန်းကားဝင်ရောက်မှု ပိုမိုများပြား လာခြင်း၊ ကဏန်းလေလံဈေးပိုမိုရရှိလာခြင်းတို့ကြောင့် ကန်ဒေါ်လာ ၁ ဒသမ ၅၇ သန်း တန်ဖိုးရှိ ကဏန်း တန် ၄၉၀ ဝန်းကျင် အပို့ရှိခဲ့ပါတယ်။ ယမန်နှစ်ကာလ တူ ကဏန်းလေလံဈေးမှာ ဒေါ်လာ ၁၆၀၀ မှ အမြင်ဆုံး ၂၉၅၀ ထိရှိခဲ့ပြီး ယခုနှစ် မှာတော့ အနိမ့်ဆုံး ဒေါ်လာ ၂၄၄၀ မှ အမြင့်ဆုံး ၄၈၆၀ ထိရရှိခဲ့တယ်လို့ သိရပါတယ။် Source:နကသ၊MIRT(DOBT)