Main menu

Background

ရော်ဘာပို့ကုန် တင်ပို့သူများ အနိမ့်ဆုံးဈေးသတ်မှတ်

Mon, 11/21/2011 - 06:42 -- Anonymous (not verified)

           ထိုင်း၊အင်ဒိုနီးရှားနဲ့ မလေးရှားရော်ဘာအသင်းများမှ ရော်ဘာဈေးနှုန်းထိုးကျနေတာကြောင့် အနိမ့်ဆုံး ရော်ဘာဈေးနှုန်း သတ်မှတ်ပြီး ရောင်းချကြရန်နဲ့ အနိမ့်ဆုံးဈေးနှုန်း တစ်ကီလိုကို ၃ ဒေါ်လာသတ်မှတ်မယ်လို့ ရော်ဘာအသင်း ၃ ခုမှ သဘော တူခဲ့ကြောင်း ထိုင်းရော်ဘာအသင်းမှ ပြောကြားပါတယ်။ လာမယ့်ရက်သတ္တပတ်မှာ ၎င်းင်း ၃ နိုင်ငံက ရော်ဘာဈေးနှုန်းသတ်မှတ်ဖို့အတွက် တွေ့ဆုံဆွေးနွေးမယ်လို့ ထိုင်းစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဥရောပကြွေးမြီပြဿနာနဲ့ ထိုင်းနိုင်ငံမှာ ရေကြီးမှုကြောင့် နိုဝင်ဘာလမှာ တိုကျိုကုန်စည်ဒိုင်ရဲ့ ဈေးကတော့ ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ မလေးရှား ဈေးကွက်မှာတော့ ဝယ်အားမရှိတဲ့အတွက် ရော်ဘာဈေးနှုန်း ဆက်လက်ကျဆင်းနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် မလေးရှားရဲ့ ထုတ်လုပ်မှုကလည်း ယခင်လနဲ့ နှိုင်းယှဉ်ရင် ကျဆင်းဆဲဖြစ်ကြောင်း သိရပါတယ်။ အောက်တိုဘာ ထုတ်လုပ်မှု ၁၈ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး စက်တင်ဘာမှာ ၇၇၇၂၈ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်းကတော့ ၄ ရာခိုင်နှုန်း တိုးခဲ့ပါတယ်။ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ကမ္ဘာ့အထွက်နှုန်းရဲ့ ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်ကြောင်း သိရပါတယ်။ အိန္ဒိယကုန်စည်ဒိုင်မှာတော့ နိုဝင်ဘာအတွက် ဈေးနှုန်းက သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သတင်းရရှိပါတယ်။Source:Commodity online,KZW