Main menu

Background

ရော်ဘာဈေးနှုန်းတောက်လျှောက်ကျဆင်းနေ

Mon, 11/21/2011 - 06:43 -- Anonymous (not verified)

                ထိုင်းနိုင်ငံရော်ဘာစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌ နိုင်းဘွန်းဆုံနပ်ဟောင်းက ရော်ဘာဈေးနှုန်းများ အောက်တိုဘာလ ကုန်ပိုင်း ကစပြီး ယခုထိ ကျဆင်းလျက်ရှိကြောင်းနဲ့ နောက်ဆုံးရရှိတဲ့ သတင်းများအရ တောင်ပိုင်းတိုင်း ဆုန်ခလာခရိုင်ဈေးကွက်၌ ယခင်ရော်ဘာ ၁ ကီလိုဘတ် ၁၀၀ ရှိရာမှ ယခုအခါ ၉၁ ဒသမ ၅၉ ဘတ်သာ ရှိတော့တဲ့အတွက် ရော်ဘာဈေးကွက်ကို ထိခိုက်စေလျက်ရှိတယ်လို့ပြောပါတယ်။ အကြောင်းကတော့ ရော်ဘာကုန်သည်များက ရော်ဘာဈေးနှုန်းတောက်လျှောက် ကျဆင်းနေတဲ့အတွက် တောင်သူများထဲက ပေါက်ဈေးထက် လျှော့ဝယ်ယူနေပြီး အချို့နေရာများမှာ ၈၅ မှ ၈၇ ဘတ်သာ ဈေးပေါက်နေတဲ့အတွက်ဖြစ်ပါတယ်။                 ယခုကဲ့သို့ ရော်ဘာဈေးနှုန်း ကျဆင်းလာနေခြင်းကြောင့် ဒီဇင်ဘာလမှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလထိ ကာလအတွင်း ဈေးကွက်မှာ ရော်ဘာဈေးနှုန်းပိုမိုကျဆင်းသွားမယ်လို့ ရော်ဘာအသင်းက ခန့်မှန်းနေကြပါတယ်။ ရော်ဘာဈေးနှုန်းကို ထိန်းချုပ် နိုင်ခြင်းမရှိတဲ့အတွက် ရော်ဘာစိုက်ပျိုးရေးသမားများရဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖြေရှင်းပေးရန် ရော်ဘာစိုက်ပျိုးရေး အသင်းက ထိုင်းဝန်ကြီးချုပ် နန့်ဆောင်ယင့်လတ်ချီနဝပ်ထံ နိုဝင်ဘာလ ၈ ရက်နေ့က စာတင်ထားပြီး တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်ရေးလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၊ ရော်ဘာစိုက်ပျိုးရေး ရန်ပုံငွေအသင်းအဖွဲ့ဥက္ကဋ္ဌနဲ့ ကဘီခရိုင်အုပ်ချုပ်ရေးမှူး တို့ထံစာမိတ္တူပေးပို့ထားတယ်လို့ ထိုင်းနိုင်ငံထုတ်သတင်းစာမှာ ဖော်ပြထားတယ်လို့သိရပါတယ်။ Source: ထိုင်းရတ်သတင်းစာ ကျော်ဆန်းထွန်း