Main menu

Background

နိုင်ငံတော်အရန် ထားရှိဖို့ တရုတ်နိုင်ငံက ပြောင်းနဲ့သကြားတင်သွင်းနိုင်

Mon, 11/21/2011 - 06:50 -- Anonymous (not verified)

                တရုတ်နိုင်ငံ ပြည်တွင်းဝယ်လိုအား အစဉ်ကြီးမားနေတာကြောင့် သကြားနဲ့ ပြောင်းကိုလာမယ့်နှစ်မှာ တင်သွင်းရဖွယ်ရှိပါတယ်။ တရုတ်နိုင်ငံဟာ တောင်သူတွေ ကို အားပေးဖို့နဲ့ ပြည်တွင်းဈေး ထိန်းချုပ်ဖို့ အမြောက်အမြားသိုလှောင်ထားတဲ့ အစိုးရရဲ့ စိုက်ပျိုးရေးကုန်စည်များကို အသုံးပြုလျက်ရှိပါတယ်။ ယခုနှစ်ထွက်ရှိမှုမြင့်တက်ခဲ့ခြင်းက ပြည်တွင်းပြောင်းနဲ့ သကြားဈေးများကို ကျဆင်းစေနိုင်တဲ့အတွက် အစိုးရအနေနဲ့ လက်ရှိပြည်တွင်းရောင်းဈေးထက် ဈေးသက်သာတဲ့ အမေရိကန်ပြောင်းနဲ့ ဘရာဇီးသကြားကို တင်သွင်းဖို့ ဆောင်ရွက်နေ ပေမယ့်လည်း ပြည်တွင်းတောင်သူတွေကိုလည်း အလေးထားဆောင်ရွက်နေပါတယ်။ ပြည်ပက ဝယ်ယူမှုကို မတ်လကုန်မှာ ပြန်လည်စတင်ဝယ်ယူနိုင်တယ်လို့ လေ့လာဆန်းစစ်သူ  Ding Ling က ပြောကြားပါတယ်။                      ပြောင်းအများဆုံးထုတ်လုပ်တဲ့ Jilin မှာ ပြောင်းတန်ချိန် ၁၈၅ သန်းအထိ ထွက်ရှိမယ့် မျှော်လင့်ချက်တွေအရ လွန်ခဲ့တဲ့ ၅ ပတ်အတွင်း ၇ ရာခိုင်နှုန်းကျော် ကျဆင်းပြီး၊ တစ်တန် ကန်ဒေါ်လာ ၃၃၇ ဒသမ ၂၀ ဈေးဖြစ်ခဲ့ပါတယ်။ တောင်သူတွေအတွက် ဈေးနှုန်းအထောက်အပံ့ပြုဖို့ အဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ ပြောင်းတစ်တန် ယွမ် ၂၀၀၀ (ကန်ဒေါ်လာ ၃၁၄ ဒသမ ၇၇၂)ဈေးအောက် ကျဆင်းမယ်ဆိုရင် ပြည်နယ်သိုလှောင်ရေး Sinograin မှ ပြည်တွင်း ပြောင်းကို ဝယ်ယူစုဆောင်းနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။                     တရုတ်အစိုးရဟာ သကြားပမာဏများစွာ တင်သွင်းထားပြီး ဖြစ်ပါတယ်။ ကြံကြိတ်ခွဲရာသီရောက်ရှိလာ ခြင်းနဲ့အတူ သကြားဈေးကျဆင်းနေတာကြောင့် အစိုးအနေနဲ့ လက်ရှိကာလမှာ တင်သွင်းမှာ မဟုတ်ဘူးလို့ ဘေဂျင်း အခြေစိုက် Sun Tong  အထွေထွေမန်နေဂျာမှ ပြောကြားပါတယ်။ ၂၀၁၂ အတွင်း သကြား တင်သွင်းမှုတန်ချိန် ၂ ဒသမ ၅ သန်းအထိမြင့်တက်နိုင်ပြီး၊ ဝါဂွမ်းတင်သွင်းမှုဟာ တန်ချိန် ၈၀၀၀၀ အထိရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊Source: bloomberg