Main menu

Background

တန်ဆာခနှုန်း တက်သော်လည်း ကြက်စာဈေးနှုန်း အပြောင်းအလဲမရှိ

Mon, 11/21/2011 - 06:56 -- Anonymous (not verified)

                    နိုဝင်ဘာ ၁၅ ရက်ကစပြီး မီးရထားကုန်တန်ဆာခနှုန်း မြင့်တက်ပေမဲ့ ကြက်စာဈေးနှုန်းတင်ပို့ရာ၌ ဈေးအပြောင်းအလဲမရှိနိုင်ကြောင်း ကြက်စာ တင်ပို့သူ ဒေါက်တာမိုးစည်သူက ပြောပါတယ်။ ယခုနှစ်အတွက် ကြက်စာတင် ဖို့စပေါ်ငွေမှာ ကုန်တွဲတစ်တွဲကို ၁၅ သိန်းသတ်မှတ်ပြီး တန်ဆာခမှာ တစ်ကြောင်းကို တစ်တန် တစ်မိုင် ၄၂ ကျပ်နှုန်းနဲ့ တင်ပို့ခွင့်ပြုမှာ ဖြစ်ကြောင်း သိရပါတယ်။                      ဒေါက်တာမိုးစည်သူက " မနှစ်က စပေါ်ငွေမတင်ရဘူး။ အသွားအပြန် အတွက် စပေါ်တင်ရတာ။ ၉၃၇ အဆန်အတွက် တန်ဆာခက တစ်တန်တစ် မိုင်ကို ၂၈ ကျပ်၊ ၉၃၈ အစုန် အတွက် တစ်တန်တစ်မိုင်ကို ၁၄ ကျပ်ဆိုတော့ စုစုပေါင်း ၄၂ ကျပ် ဆောင်ရတာ။ ဒီနှစ်မှာ ၉၃၇ အဆန်အတွက် တစ်တန် တစ်မိုင် ၄၂ ကျပ်ဆောင်ရမယ်။ အပြန်တင်စရာမလိုတဲ့အတွက် နှုန်းကအတူ တူပါပဲ။ ဒါကြောင့် ဈေးအပြောင်းအလဲမရှိနိုင်ဘူး" လို့ ပြောပါတယ်။ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်လကို တွဲ ၁၀ တွဲဖြင့် တင် ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ တွဲတစ်တွဲကို တန် ၃၀၊ ၃၂ တန်၊ ၃၆ တန်တင်ဆောင်ရတဲ့ တွဲများပါရှိကြောင်း သိရပါတယ်။ မြို့ဟောင်းဘူတာမှ မြစ်ကြီးနားသို့ အမှတ် ၉၃၇ အဆန်ဖြင့် တစ်လရထားအဆိုင်း ၅၀ ဝန်းကျင် ပြေးဆွဲလျက်ရှိကြောင်း၊ တစ်ဆိုင်းကို ကုန်တွဲ ၉ တွဲပါရှိကြောင်း သိရပါတယ်။ ဇူးဇူး