စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မှတ်ပုံတင်သက်တမ်း ကြာမြင့်ယာဉ်များ ဖျက်သိမ်းရေးနဲ့ အစားထိုးယာဉ်တင်သွင်းရေး (မကဖတ) လုပ်ငန်းများ သွက်လက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးတင်ငွေ ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး ဆက်စပ်ဌာနဆိုင်ရာတွေက အရာရှိတွေအဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ ငါးဦး အဖွဲ့ဖြင့်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အဖွဲ့အနေနဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ စတင်ဆောင် ရွက်ခဲ့ရာ ပထမအဆင့် (စ၊ ဆ၊ ဇ) အက္ခရာယာဉ်များကို လက်ခံဆောင်ရွက်ပေးခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်အထိ ယာဉ်အိုယာဉ် ဟောင်း ၆၄၄ စီး၊ ဒုတိယအဆင့်အနေနဲ့ (ဈ) အက္ခရာတိုးမြှင့်ကာ နိုဝင်ဘာ ၈ ရက်မှ စတင်လက်ခံဆောင်ရွက်ပေးခဲ့ရာ နိုဝင်ဘာ ၁၄ ရက်ထိ ၄၄ စီးဆောင်ရွက်ပေးနိုင်ခဲ့ကာ စီမံချက်စတင်တဲ့ ၂၀၁၁ စက်တင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ယာဉ်အိုယာဉ်ဟောင်း စုစုပေါင်း ၆၈၈ စီး လက်ခံပေးခဲ့ကြောင်း သိရပါတယ်။ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၁၁ စက်တင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ အပ်နှံခဲ့တဲ့ ယာဉ်အိုယာဉ်ဟောင်းများကို အမှတ် ၇၄ စစ်လက်နက်ပစ္စည်းတပ်သို့ ပို့ဆောင်အပ်နှံနိုင်ခဲ့ပြီး နိုဝင်ဘာ ၈ ရက်မှစတင်ကာ လာရောက်ဆောင်ရွက်တဲ့ ယာဉ်အိုယာဉ်ဟောင်းများအား သံမဏိစက်ရုံ (မြင်းခြံ) သို့ သွားရောက်အပ်နှံ ရမှာဖြစ်ကြောင်းနဲ့ အဆိုပါယာဉ်များလက်ခံဆောင်ရွက်ရန် ရုံးချုပ်(ကညန)မှ လက်ထောက်အင်ဂျင်နီယာဦးဆောင်တဲ့ လက်ခံ စိစစ်ရေးအဖွဲ့မှ စနစ်တကျ လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ထွန်းလှိုင်
Background