ထိုင်းနိုင်ငံရဲ့ အဝတ်အထည်တင်ပို့မှုက နှစ်စဉ် ၇ ဒသမ ၀၄ ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်းတင်ပို့မှုက ကန်ဒေါ်လာ ၂ ဒသမ ၅၄၄ ဘီလီယံ ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ အထည်ချုပ်အသင်း Thai Garment Manufacturers Association (TGMA) က နောက်ဆုံးထုတ်ပြန်တဲ့ စာရင်း အင်းတွေအရ သိရှိရပါတယ်။ ဒါပေမဲ့ ယခုနှစ်ဆန်းပိုင်းမှာ တိုးတက်နှုန်းက နှေးကွေးသွားကြောင်းနဲ့ စက်တင်ဘာလက သင်္ဘောတင်ပို့မှုက ၅ ဒသမ ၀၅ ရာခိုင်နှုန်း လျော့ကျကာ ကန်ဒေါ်လာ ၂၇၂ ဒသမ ၆ သန်း ရရှိခဲ့ကြောင်း သိရှိရပါတယ်။ အမေရိကန်ပြည်ထောင်စုက အကြီးမားဆုံးသော ပို့ကုန်ဈေးကွက်အဖြစ် ရပ်တည်နေဆဲဖြစ်ပြီးစုစုပေါင်းတင်ပို့မှုရဲ့ ၃၅ ဒသမ ၁၁ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိကြောင်း၊ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရာမှာ ၅ ဒသမ ၈၃ ရာ ခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်းနဲ့ စက်တင်ဘာလ တစ်လတည်း သင်္ဘောတင်ပို့မှုမှာ ၂၆ ဒသမ ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါတယ်။ အခြားဈေးကွက်တွေအားလုံးကို သင်္ဘော တင်ပို့မှုမှာ သိသိသာသာတိုးတက်ခဲ့ကြောင်းနဲ့ အဓိကမှာ ဂျပန်ကိုတင်ပို့မှုက ဇန်နဝါရီလမှ စက်တင်ဘာ လအတွင်း ၃၆ ဒသမ ၇ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ကြောင်း သိရှိရတယ်။ အီးယူကို တင်ပို့မှုက ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရာမှာ ၃ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနဲ့ စုစုပေါင်းတင်ပို့မှုရဲ့ ၃၀ ဒသမ ၇ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရတယ်။ ဒါပေမဲ့ စက်တင်ဘာလက သင်္ဘောတင်ပို့မှုက ၉ ဒသမ ၂၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့တယ်။ အီးယူအတွင်းမှာ ဂျာမဏီက အဓိက ပို့ကုန်ဈေးကွက်ဖြစ်ပြီး ယခုနှစ်မှာ ၁၁၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနဲ့ ဗြိတိန်ကို တင်ပို့မှုက ၅ ဒသမ ၂ ရာခိုင်နှုန်းကျဆင်း သွားခဲ့ကြောင်း သိရှိရပါတယ်။TGMA အသင်း အဆင့်မြင့်ညွှန်ကြားရေး မှူး Mr Yuttana က ဂျပန်ရဲ့ ဈေးကွက်ဝေစုက အခြားနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံမှ ပြောင်းလဲကာ ထိုင်းကို ကုန်အမှာသိသိသာသာတက်သွားခဲ့ကြောင်း ပြောကြား လိုက်တယ်။ Source:.just-style.com, အေးမွန်မွန်လှိုင်
Background