Main menu

Background

ကျောက်ဆည်ခရိုင်တွင် သင်ဖြူးဖျာရက်လုပ်ငန်း လုပ်ကိုင်သူများကိုငွေချေး

Mon, 11/21/2011 - 08:08 -- Anonymous (not verified)

                       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊တံတားဦးမြို့နယ်၊ လက်ဆောင် ယူအုပ်စု၊ လက်ဆောင်ယူ ကျေးရွာတွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၉ ရက်က သင်ဖြူး ဖျာ ရက်လုပ်ငန်းလုပ်ကိုင်သူ ၅၀ ဦးတို့အား တစ်ဦး ကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် နှစ်ဆယ့်ငါးသိန်းကို ၂ ဒသမ ၅ ရာခိုင်နှုန်းအတိုးနှုန်းဖြင့် ထုတ်ချေးကြောင်း သိရပါတယ်။ ငွေထုတ်ချေးပွဲ အခမ်းအနား ကို ဦးဇော်မင်း (မြို့နယ်အုပ်ချုပ်ရေးမှူး၊ တံတားဦးမြို့)၊ ဦးကျော်မြင့် (ခရိုင်မန်နေ ဂျာ၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး၊ ကျောက်ဆည်မြို့)၊ ဦးတင်ထွန်းနိုင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြ ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်ဖြူးဖျာ ရက်လုပ်ငန်း လုပ်ကိုင်သူများအား ယခု ထုတ်ချေးပေးသော ငွေများမှာ လုပ်ငန်း အတွက် မတည်ရင်းနှီးငွေ ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ လောင်းကစားနဲ့ အခြားနေ ရာများမှာ အလဟဿ မသုံးဖြုန်းကြရန်၊ လုပ်ငန်းကို နဂိုထုတ်လုပ်မှုထက် နှစ်ဆ တိုးတက်အောင်ပြုလုပ်ကြရန်၊ ကျေးလက် ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အဓိကထား ထုတ်ပေးခြင်းဖြစ် ကြောင်း၊ အလုပ်ကို ကြိုးစား၍လုပ်ကိုင်ကြ ရန်ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ ဝင်းမာ-မန္တလေး