Main menu

Background

လာမယ့်ရာသီမှာ လည်ဆွဲကတ်နဲ့ဝတ်စုံများ ဝတ်ဆင်ပြီး ရောင်းချရမယ့် မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်

Mon, 11/21/2011 - 08:51 -- Anonymous (not verified)

                   သစ်သီးဝလံ ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမောင်ညွန့်က ဒီနှစ် ဖရဲရာသီကစပြီး သစ်သီးဝလံကုန် စည်ဒိုင်မှာ ကျင့်သုံးသွားမယ့်အစီအစဉ်နဲ့ပတ်သက် ပြီး အောက်တိုဘာလအတွက်ပြုလုပ်တဲ့ နယ်စပ် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ " ဖရဲ သီးရာသီအတွက် ဖရဲသီးကြည့်စင် တိုးချဲ့တည်ဆောက်ပြီးစီးပြီး ရောင်းဝယ်ရာမှာ မည်သည့်နိုင်ငံ သားမဆို လာရောက်ဝယ်ယူခွင့်ရှိပေမယ့် ရောင်းသူအနေနဲ့ မြန်မာနိုင်ငံသားဖြစ်ရမယ်။ ကုန်စည်ဒိုင် အသင်းဝင်ဖြစ်ဖို့လည်းလိုတယ်၊ ရောင်းချမယ့် အသင်းဝင် ထင်သာမြင်သာဖြစ်စေရန် ယခုနှစ် ဖရဲရာသီကစပြီး လည်ဆွဲကတ်နဲ့ ဝတ်စုံထုတ်ပေး ထားမယ်၊ ရောင်းချချိန်မှာ လည်ဆွဲကတ်နဲ့ ဝတ်စုံ တွေ ဝတ်ဆင်ရောင်းချရမယ်၊ စစ်ဆေးရေးအဖွဲ့ တွေလဲဖွဲ့စည်းပြီး လိုက်လံစစ်ဆေးရန် စီစဉ်ထား တယ်"လို့ ပြောကြားခဲ့ပါတယ်။                     ဒီလိုစီစဉ်ရတာကတော့ တရုတ်နိုင်ငံက ဖရဲ သခွားကုန်သည်များဟာ မြန်မာနိုင်ငံအတွင်း တရားမဝင် ဖရဲသီး၊ သခွားသီးများ ဝင်ရောက်စိုက်ပျိုးခြင်းနဲ့ပတ်သက်ပြီး မြန်မာလူမျိုး မဟုတ်သူ နိုင်ငံခြားသားများကိုယ်တိုင် တရားဝင်နည်းလမ်း နဲ့မဟုတ်ဘဲ တစ်နှစ်ထက်တစ်နှစ်ပမာဏ များပြား စွာနဲ့ ဖရဲနဲ့သခွားများကို မြန်မာကုမ္ပဏီအမည်များ နဲ့ ဝင်ရောက်စိုက်ပျိုးနေကြတာကြောင့် ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုမှာလည်း ရာခိုင်နှုန်းပြည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပါတယ်။ စိုက်ပျိုးထွက် ရှိလာတဲ့ ဖရဲသခွားများကို ၎င်းင်းတို့ကိုယ်တိုင် ၎င်းင်းတို့ အချင်းချင်း စိတ်ကြိုက်ရောင်းချနေကြပြီး မြန်မာနိုင်ငံသားများ စိုက်ပျိုးရာက ထွက်ရှိလာတဲ့ ဖရဲ၊ သခွားသီးများကို ဝယ်ယူမှုမပြုခြင်း၊ ဈေးမတရား နှိမ်ပေးခြင်းနဲ့ ကျယ်ဂေါင်ရောက်မှ မတန်တဆဈေးလျှော့ပေးခြင်းများကို မြန်မာတောင်သူများ အပေါ်အမြဲတမ်းလို လုပ်ဆောင်ကြတဲ့ အတွက်ဖြစ် ပါတယ်လို့ ဦးစိုင်းမောင်ညွန့်က ပြောပါတယ်။ ကုန်စည်ဒိုင်ရှိ ပွဲရုံများကလည်း ပွဲခ ၅ ရာခိုင် နှုန်းယူထားကြပေမယ့် တစ်ဖက်နိုင်ငံ ကုန်သည် များကို မလွန်ဆန်ရဲတာကြောင့် တောင်သူများ နစ်နာမှုမရှိစေရေး ရာနှုန်းပြည့် လုပ်ဆောင်ပေး နိုင်ခြင်းမရှိကြဘူးလို့ ဆိုကြတာတွေလည်း ကြား နေရပါတယ်။                  သစ်သီးကုန်စည်ဒိုင်အပိုင်းက ကုန်သည်များတောင်သူများ၊ သစ်သီးပွဲရုံများက လိုက်နာရမယ့် စည်းကမ်းချက ်များကို အများထင်သာမြင်သာ ရှိ စေရန် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်အသိပေးထား ရန် လိုအပ်ပါတယ်။ စည်းကမ်းချက်များ ကောင်းမွန်သော်လည်း တိကျစွာ မလိုက်နာတာကြောင့် ပြဿနာများ ပေါ်ပေါက်နေတယ်လို့သိရပါတယ်။ ကုန်စည်ဒိုင်နဲ့ ပွဲရုံများဟာ မိမိအကျိုးတစ်ခုတည်း ကိုသာမကြည့်ဘဲ တောင်သူအကျိုးရော နိုင်ငံ အကျိုးပါကြည့်ပြီး လုပ်ဆောင်ပေးကြပါရန် တိုက်တွန်းပြောကြားလိုက်ရပါတယ်။ Source: နကသ(မူဆယ်) ချမ်းမြေ့မောင်