ကုန်တင်တန်ဆာခ တစ်ကြောင်းသာပေးဆောင်ရမှာဖြစ်လို့ ကုန်ပို့ကိုယ်စားလှယ်များ အဆင်ပြေနိုင်

                   မြို့ဟောင်းဘူတာမှ မြစ်ကြီးနားသို့ မီးရထားဖြင့် ကုန်တင်ဆောင်ရာ၌ ကုန်တန်ဆာခအသွားအပြန် ပေးဆောင်ခဲ့ ရာမှ ယခုနှစ်တွင် ကုန်တန်ဆာခတစ် ကြောင်းစီ ပေးဆောင်ရမှာဖြစ်လို့ ကုန် ပို့ကိုယ်စားလှယ်များ အဆင်ပြေနိုင် ကြောင်း သိရပါတယ်။                    ကုန်တန်ဆာခ နှုန်းထားအသစ်ဖြင့် နိုဝင်ဘာ ၁၅ ရက်မှစပြီး စတင်ပေး ဆောင်ရမှာဖြစ်လို့ ကုန်တွဲယူလိုတဲ့ ကုန်သည်များ၊ ကုန်ပို့ကိုယ်စားလှယ် များမှာ မန္တလေးဘူတာကြီးတွင် ချလန် နဲ့လျှောက်လွှာများရယူကာ စပေါ်တင် ဆောင်လျက်ရှိပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် ကုန်တန်ဆာခနှုန်းထား မှာ တစ်ကြောင်းကို တစ်တန် တစ်မိုင် အတွက် ၄၂ ကျပ်ဖြင့် (၉၃၇) အဆန် တင်ဆောင်လိုပါက မန္တလေးဘူတာကြီး တွင် ချလန်နဲ့လျှောက်လွှာများရယူပြီး စပေါ်တင်ပြီး ကုန်တွဲရယူနိုင်ပါတယ်။ ၉၃၈ အစုန်ဖြင့် မြစ်ကြီးနားမှ ပြန်လည် တင်ဆောင်လိုပါက မြစ်ကြီးနားဘူတာ တွင် စပေါ်တင်ပြီး တန်ဆာခ တစ်တန် တစ်မိုင် ၄၂ ကျပ်ဖြင့် ကုန်တွဲရယူနိုင်ပါ တယ်။                     မီးရထားဖြင့် ကုန်တင်ပို့နေသူ ကုန်သည်တစ်ဦးက " ဒီနှစ်မှာ တိုင်းဒေသ ကြီးအလိုက် ဘတ်ဂျက်ဝင်အောင်လို့ စပေါ်ငွေနဲ့ တန်ဆာခ ခွဲသွင်းရမှာဖြစ် တယ်။ စပေါ်ငွေက အရင်ကမန္တလေး ဘူတာကြီးမှာပဲ တစ်နှစ်စာ သိန်း ၉၀ ကျပ်သွင်းရတာ။ တန်ဆာခက အသွား အပြန်အတွက် တစ်ပါတည်း ဆောင်ခဲ့ ရတာ။ တန်ဆာခက အသွားအပြန်မှ အသွားအတွက် ၂၈ ကျပ်၊ အပြန် အတွက် ၁၄ ကျပ်ဆောင်ရတယ်။ ဒီနှစ် အတွက် တန်ဆာခဈေးနှုန်းတက်ပေမဲ့ ကုန်ပို့ကိုယ်စားလှယ်အတွက် အဆင် ပြေတယ်။ တစ်ကြောင်းစာပဲ ဆောင်ရ မှာဖြစ်တဲ့အတွက် မြစ်ကြီးနားဘက်က ကုန်လိုက်ရှာစရာမလိုတော့ဘဲ ဒီအတိုင်း ပြန်ဆင်းလာလို့ရတယ်။ ကုန် သည်အတွက် အဆင်ပြေပေမယ့် ဆီသမားအတွက်ကျ အဆင်မပြေဘူး။ အသွားဆီတင်သွားရင် အပြန်ကျတော့ ပေပါခွံတွေ ပြန်သယ်ရတာ။ စပေါ်တင် ထားရတဲ့အတွက် ကိုယ့်အတွက်ကုန်တွဲ အတွက် မပူရတော့ဘူး။ စရိတ်တော့ များလာတာပေါ့"လို့ ပြောပါတယ်။                   ကုန်တွဲစပေါ်ငွေမှာ ယခင်နှစ်က ကျပ်သိန်း ၉၀ စပေါ်တင်ခဲ့ရပြီး ယခု နှစ်မှာ မန္တလေးဘက်မှ စပေါ်ငွေသိန်း ၅၀ ကျပ်၊ မြစ်ကြီးနားဘက်မှ ကုန်စုံ အတွက် စပေါ် ကျပ်သိန်း ၂၀၊ ဒီဇယ် ဆီအတွက် စပေါ်ငွေ ကျပ်သိန်း ၁၀ ရှိရာ မန္တလေးဘက်မှ စပေါ်တင်တွဲရေပိုများလာကြောင်း သိရပါတယ။် ဇူးဇူး