Main menu

Background

မန်းဒေသထွက် ဖရဲ၊ သခွားများ ဈေးကောင်းရနေ

Mon, 11/21/2011 - 09:44 -- Anonymous (not verified)

                         ၂၀၁၁-၂၀၁၂ ခုနှစ်ထွက် မန္တလေး ဖရဲသီးများဟာ ၂၀၁၁ အောက်တိုဘာလဆန်းမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံကို စတင်တင်ပို့နေပါပြီ။ သခွားမွှေးတွေ လည်း အောက်တိုဘာလကုန် နိုဝင်ဘာ လဆန်းလောက်မှာ ဖြိုင်ဖြိုင်ထွက်တော့ မယ်လို့ ဖရဲ၊ သခွားစိုက်တောင်သူများက ပြောပါတယ်။ တင်ပို့နေတဲ့ ဖရဲသီးများ အနေနဲ့ တပ်ကုန်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ ကူမဲ၊ မြစ်သားဒေသထွက်သီးများ ဖြစ်ပါတယ်။ ကျောက်ဆည်၊ တံတားဦး၊ နွားထိုးကြီး၊ မြင်းခြံ စတဲ့ မန္တလေးတိုင်း ဒေသကြီးထွက် ဖရဲသီးများလည်း ဈေးကွက်ကိုဝင်လာဖို့ တာစူနေကြပြီလို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးထွက် ဖရဲသီးများ အောက်တိုဘာ ပထမ ပတ်မှ ဒုတိယပတ်အထိ နှစ်ပတ်အတွင်း ကားစီးရေ ၉၀ ကျော်၊ တန်ချိန် ၁၈၀၀ ကျော်နဲ့ စစ်ကိုင်း၊ မုံရွာ၊ ချောင်းဦး၊ မြင်းမူ၊ မြောင်၊ လှည်းကူး၊ ကျိုက်ထို၊ ဘီးလင်းစတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် တို့မှလည်း နှစ်ပတ်အတွင်း တရုတ်ကို ကားစီးရေ ၈၀ ကျော် တင်ပို့ပြီးပြီလို့ သိရပါတယ်။ တရုတ်ပြည်ဈေးကွက်မှာ အစေ့မဲ့ဖရဲတစ်ကီလို ၄ ဒသမ ၅ ယွမ်မှ ၆ ဒသမ ၅ ယွမ် ထိရှိပြီး ရိုးရိုးဖရဲတစ်ကီ လိုမှာ ၄ ဒသမ ၅ ယွမ်မှ ၅ ယွမ်ထိ ဈေးပေါက်နေပြီး တင်ပို့ဖို့ တာစူနေတဲ့ သခွားဈေးကွက်မှာ တစ်ကီလို ၃ ဒသမ ၅ ယွမ်မှ ၄ ယွမ်ထိ ရနေလို့ ပေါ်ဦး ပေါ်ဖျားမှာထွက်တဲ့ ဖရဲ၊ သခွားဈေး ကွက်ကောင်းလို့ တောင်သူများ တွက် ခြေကိုက်လျက် ရှိပါတယ်။ ဒါပေမယ့် ဈေးကွက် အစ၊ အဆုံး တည်ငြိမ်နေ အောင် ထိန်းသိမ်းဖို့လည်းလိုပါတယ်လို့ ဖရဲ၊ သခွားတောင်သူများက ဆိုပါတယ်။ နိုင်ထွန်း-မန္တလေး