Main menu

Background

ဂရိနဲ့ အီတလီဖြစ်ပေါ်တိုးတက်မှုကို IMF ကြိုဆို

Mon, 11/21/2011 - 10:04 -- Anonymous (not verified)

                   ကမ္ဘာ့ဈေးကွက်များကို လှိုင်းတံပိုး ထစေခဲ့တဲ့ အီတလီနဲ့ ဂရိနိုင်ငံတို့မှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ် မှုတွေကိုဖြေရှင်းရာမှာ ဂရိနဲ့ အီတလီနိုင်ငံတို့က ထူးထူးခြားခြားဆောင်ရွက်ခဲ့တဲ့အတွက် အပြည်ပြည်ဆိုင်ရာငွေ ကြေးရန်ပုံငွေအဖွဲ့ (IMF )အကြီးအကဲ ခရစ်စတင်း လာဂတ်က ကြိုဆိုလိုက်ပါတယ်။                    တကယ်လို့ ဥရောပမှာဖြစ်ပျက်နေတဲ့ အခြေအနေ တွေ ထပ်မံဆိုးဝါးလာရင် ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေး ဂယက်ရိုက်ခတ်မှုများမှတစ်ဆင့်အာရှကလည်းအကျိုးဆက် ကို ခံစားရလိမ့်မယ်လို့ IMF မန်နေဂျင်းဒါရိုက်တာက တိုကျိုမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သတိပေး စကား ပြောကြားပါတယ်။                 ဂရိနဲ့ အီတလီမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ် မှုတွေကြောင့် ယူရိုကြွေးမြီအခက်အခဲကို ဖြစ်စေပြီး ထို အခက်အခဲက ကမ္ဘာ့စီးပွားရေးကိုတစ်ကျော့ပြန် စီးပွားရေး ဆုတ်ကပ်ထဲသို့ ကျဆင်းစေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပွားနေချိန်မှာ သူမရဲ့ တိုကျိုခရီးစဉ်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။                    ဂျပန်ခရီးစဉ်မတိုင်ခင်မှာ လာဂတ်က ရုရှားနဲ့ တရုတ် နိုင်ငံတို့ကိုသွားရောက်ခဲ့ပါတယ်။ သူမပေကျင်းကိုရောက်ရှိနေတဲ့ ကာလအတွင်းမှာ အီတလီနိုင်ငံက ယူရိုဇုန်မှာ ငွေကြေးအခက်အခဲတွေ့နေတဲ့ နိုင်ငံတစ်ခုဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုတွေ့မြင်နေရ ပါတယ်။ ဂရိနိုင်ငံမှာ လူကပ်ပါကါဒဲမို့စ် ဦးဆောင်တဲ့အစိုးရ အဖွဲ့က နိုဝင်ဘာ ၁၁ ရက်က စတင်ပြီးရာထူးလက်ခံ ခဲ့ပါတယ်။                           အလားတူ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဝန်ကြီးချုပ် ဆီဗီယို ဘာလုစကိုနီ ရာထူးမှမနုတ်ထွက်မီ ဈေးကွက် တင်းမာမှုတွေကိုလျှော့ချနိုင်ဖို့အတွက် အီတလီအမတ် တွေက ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အတည်ပြု ပေးခဲ့ပါတယ်။ Souce. AFP.