Main menu

Background

ယန်းငွေတန်ဖိုးမြင့်တက်မှုကြောင့် "ဂျပန်ဖြစ်" တံဆိပ်တွေ အခက်တွေ့

Mon, 11/21/2011 - 10:07 -- Anonymous (not verified)

                      အဆက်မပြတ်မြင့်တက်နေတဲ့ ဂျပန်ယန်းငွေကြောင့် ဖြစ်လာရတဲ့ ဂယက်ကို ရှောင်ရှားနိုင်ဖို့အတွက် ကုန်ထုတ်လုပ်ငန်းတွေကို ပင်လယ်ရပ်ခြားရွှေ့ဖို့ စဉ်းစား လာတဲ့စီးပွားရေးလုပ်ငန်းတွေ တစ်စစများလာပါတယ်။ ဒါကြောင့် '' Made in Japan" ဆိုတဲ့ ကုန်အမှတ်တံဆိပ်တွေဟာ အခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။ တစ်ဒေါ်လာကို ၇၆ ယန်းနှုန်းနဲ့ ယန်းငွေတန်ဖိုးဆက်ပြီးတည်တံ့နေမယ်ဆိုရင် ထုတ်လုပ်မှု အခြေစိုက် စခန်းတွေကို နိုင်ငံခြားကိုပြောင်းရွှေ့မယ်လို့ သြဂုတ်လအတွင်းက ဝန်ကြီးဌာနစစ်တမ်း ကောက်ယူခဲ့တဲ့ ကုန်ထုတ်လုပ်သူတွေရဲ့ ၄၆ ရာခိုင်နှုန်းက ပြောတယ်လို့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီးဌာနက ဆိုပါတယ်။                      လောလောဆယ်မှာ တစ်ဒေါ်လာကို ၇၇ ယန်းနှုန်းဝန်းကျင်မှာရှိနေပြီး ယန်းငွေမြင့်တက်မှုကြောင့် ဂျပန် မော်တော်ကားလုပ်ငန်းပြိုကွဲသွားနိုင်တယ်လို့ တိုယိုတာ ဒုတိယဥက္ကဌ ဆာတိုရှီအိုဇာဝါက လွန်ခဲ့တဲ့ရက်သတ္တပတ်က ပြောပါတယ်။                     တိုယိုတာကုမ္ပဏီရဲ့ ပထမနှစ်ထက်အမြတ်အစွန်း ၇၂ ရာခိုင်နှုန်းကျဆင်းခဲ့ရတဲ့ အကြောင်းတွေထဲမှာ ယန်းငွေတန်ဖိုးမြင့်တက်တာလည်း တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ ဒေါ်လာနဲ့ ဖလှယ်ရာမှာ တန်ဖိုးတစ် ယန်းမြင့်တက် တိုင်း တိုယိုတာရဲ့တစ်နှစ် အတွက် အမြတ်ငွေမှာယန်းငွေဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ပါတယ်။ မတ်လမှာ ကုန်ဆုံးတဲ့ ဘဏ္ဍာရေးနှစ်မှာ တိုယိုတာကဂျပန်မှာထုတ်လုပ်ခဲ့တာက စုစုပေါင်း ထုတ်လုပ်မှုရဲ့ ထက်ဝက်ကျော်ရှိပြီး နီဆန် ထက်သာလွန်ပါတယ်။ တိုယိုတာနဲ့ အတူ အခြားဂျပန်ကုမ္ပဏီကြီးတွေဖြစ်တဲ့ ဆိုနီ၊ မာဇဒါနဲ့ ကင်နွန်စတဲ့ကုမ္ပဏီကြီး တွေကလည်း ယန်းငွေတန်ဖိုးမြင့်တက်မှုနဲ့ သဘာဝဘေးအန္တရာယ်ရဲ့ ဂယက်ကြောင့်အမြတ်နှုန်းတွေ ကျဆင်းခဲ့ရပါတယ်။ ဂျပန်ငွေကြေးတန်ဖိုးမြင့်တက်ခဲ့တဲ့အတွက် ဂျပန်မှာထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ ပြည်ပမှာ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းရည်ကျတဲ့အပြင် ပင်လယ်ရပ်ခြားကရရှိတဲ့ ဝင်ငွေတွေကို ဂျပန်ကုန်ပြန်လွှဲတဲ့အခါ တန်ဖိုးကျဆင်းတဲ့အတွက် နိုင်ငံရဲ့ပြည်ပပို့ကုန်လုပ်ငန်းကို ထိခိုက်စေနိုင်ပါတယ်။ ကုမ္ပဏီတွေကလုပ်ငန်းတွေကို ပြည်ပရွှေဖို့ပြောလာကြတဲ့ အတွက် ဂျပန်စက်မှုလုပ်ငန်းမှာ "အခွံချည်းပဲ" ကျန်မှာကိုစိုးရိမ်ကြောင်း ဂျပန် ဝန်ကြီးချုပ်ယူရှီဟိကိုနိုဒါက ပြောပါတယ်။ Souce.AFP