Main menu

Background

ဗီယက်နမ်ဘိလပ်မြေထုတ်လုပ်သူတို့ အရှုံးတွေ့

Mon, 11/21/2011 - 10:10 -- Anonymous (not verified)

                     ကုန်ကျစရိတ်များမြင့်မားနေခြင်းနှင့် အတူတစ်ပြိုင်နက် ဖြစ်ပေါ်နေတဲ့ ဘိလပ်မြေဝယ်လိုအားကျဆင်းမှုက ဗီယက်နမ် ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းမှာယခုနှစ်ပထမ ၁၀ လ အတွင်း ဗီယက်နမ်ဒေါင် ၂၂၀ ဘီလီယံ (ဒေါ်လာ ၁၀ ဒသမ ၅၃ သန်း) အရှုံးပေါ်နေပါတယ်။ ထိုကာလ အတွင်းမှာ ဗီယက်နမ် ဘိလပ်မြေထုတ်လုပ်မှုကော်ပိုရေး ရှင်းအဖွဲ့ဝင်တွေရဲ့ ဈေးကွက်ဝေစုက ၃ ရာခိုင်နှုန်း ကျဆင်းနေပါတယ်။ အိမ်ခြံမြေဈေးကွက် အေးနေတဲ့ အတွက် ဝယ်လိုအားကျဆင်းမှု၊ ငွေအတိုးနှုန်းတွေမြင့်မား မှု၊ အများပြည်သူရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများလျှော့ချမှုနဲ့ သွင်းအားစု စရိတ်မြင့်တက်မှုတို့ကြောင့် ဘိလပ်မြေအသုံး လျော့ကျခဲ့ရတယ်လို့ ဆိုပါတယ်။ သွင်းအားစုစရိတ်ဘက်ကကြည့်ရင် လောင်စာဆီ ဈေးနှုန်းက ၃၂ ရာခိုင်နှုန်းကနေ ၄၃ ရာခိုင်နှုန်း၊ လျှပ်စစ် ဓာတ်အားခ ၁၅ ဒသမ ၂၈ရာခိုင်နှုန်းနဲ့ ကျောက်မီးသွေးက ၈၈ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ Souce.vietnamnews.vnagency.com.vn