Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ နေ့စဉ် ပဲတီစိမ်းအနည်းငယ်စီ အရောင်းအဝယ်ဖြစ်

Tue, 11/29/2011 - 06:59 -- Anonymous (not verified)

               ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို အရောင်းအဝယ် ပမာဏဖြစ်မှု မများပေမဲ့ နေ့စဉ်ဆိုသလို အနည်းငယ်စီ အရောင်းအဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ပမာဏအတိုင်း နိုဝင်ဘာလ ၁၉ ရက်မှ ၂၄ ရက်အတွင်း ပဲတီစိမ်းတန်ချိန် ၃၅၀၀ ခန့် အရောင်းအဝယ်စာချုပ်ခဲ့ပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လက်ရှိပြည်တွင်းထွက် အရည်အသွေးနိမ့် ပဲတီစိမ်းတွေ သိုလှောင် လက်ကျန်များနေလို့ ဈေးကျနေသလို ပြည်ပကလည်း အရည်အသွေးကောင်းများကိုသာ ရွေးချယ်ဝယ်ယူလာနိုင်ပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး အားပျော့ခြင်းနဲ့အတူ အရောင်းအဝယ်နည်းတာကြောင့် ပဲတီစိမ်း FOB ဈေးလည်း လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/ တန်                         ပဲတီစိမ်းအညာ        ပခုက္ကူ           ပဲတီရွှေဝါ၂၅-၁၁-၁၁            ၇၀၀-၇၂၀        ၇၂၀-၇၄၀        ၈၆၀-၈၈၀၁၈-၁၁-၁၁             ၇၂၀-၇၄၀        ၇၄၀-၇၆၀       ၈၆၀-၈၈၀MIRT(MAPT)