Main menu

Background

အိန္ဒိယဈေးကွက်မှာ အရည်အသွေးနိမ့် ပဲတီစိမ်းဈေးလျော့

Tue, 11/29/2011 - 07:01 -- Anonymous (not verified)

           အိန္ဒိယဈေးကွက်အများစုမှာ ပဲတိစိမ်းဈေးငြိမ်နေပေမဲ့ အရည်အသွေးနိမ့်ပဲတီစိမ်းဈေးများ လျော့ကျနေပါတယ်။ ရာဂျက် စသန်ဈေးကွက်များမှာ အရည်အသွေးနိမ့်ရော အရည်အသွေးကောင်းပဲတီစိမ်းပါ သိုလှောင် လက်ကျန်များ နေတယ်လို့ သိရပါတယ်။ ဒေလီဈေးကွက်တစ်ခုထဲမှာပင် ပဲသိုလှောင်အိတ် ၃ဒသမ ၅ သိန်းထိ မြင့်တက်နေပြီး ရာဂျက်စသန်ပဲ ထုတ်လုပ်ရာ ဒေသမှလည်း ပဲဝင်ရောက်မှု တစ်ရက်ကို အိတ် ၄၇၀၀၀-၄၈၀၀၀ ခန့်ထိ ဆက်လက် မြင့်တက်နေဆဲဖြစ်ပါတယ်။ ပဲခွဲစက်ရဲ့ ၉၀ ရာခိုင်နှုန်းဝန်းကျင်ဟာ အရည်အသွေးနိမ့်ပဲကို အရောင်းအဝယ်လုပ်နေပြီး ပဲခွဲစက် ၁၀ ရာခိုင်နှုန်းမှာ အရည်အသွေး ကောင်းပဲကို ရောင်းချနေတယ်လို့ ဆိုပါတယ်။ လာမယ့်ရက်များမှာ ပဲတီစိမ်းဈေး တည်ငြိမ်ဖွယ်ရာရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                               ဒေါ်လာ/ တန်                                           ၂၄-၁၁-၁၁       ၂၃-၁၁-၁၁      ၂၂-၁၁-၁၁           ၂၁-၁၁-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား)       ၇၈၁-၇၈၆           ၇၇၆               ၈၂၁                     ၈၃၄ဒေလီ                                    ၄၂၂-၆၃၃       ၄၃၈-၆၄၈       ၄၂၂-၆၅၃              ၄၄၉-၆၆၄အာကိုလာ                              ၇၂၈-၈၄၃      ၇၂၄-၈၃၈         ၇၃၀-၈၄၅            ၇၄၂-၈၅၉MIRT(MAPT)