Main menu

Background

ကုလားပဲ တင်ပို့မှုနဲ့ အရောင်းအဝယ်ဖြစ်မှု နည်းပါး

Tue, 11/29/2011 - 07:05 -- Anonymous (not verified)

                 ယခင်သီတင်းပတ်က ကုလားပဲတင်ပို့မှု မရှိခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ တန်ချိန် ၇၀၀ ကျော်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ FOB ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်မှုကတော့ ယခင်တစ်ပတ်က တန်ချိန် ၃၄၀ ခန့် ရှိခဲ့ပေမဲ့ ယခုတစ်ပတ် နိုဝင်ဘာလ ၁၉-၂၄ ရက် အတွင်းမှာတော့ တန်ချိန် ၁၀၀ ခန့် သာရှိခဲ့တယ်လို့ သိရပါတယ်။                   ပြည်တွင်းလက်ကျန်နည်းလာသလို ပြည်ပဝယ်ယူမှုနည်းပါးလာတာကြောင့် ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် စုစုပေါင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၆၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၅၄ သန်းကျော်ရရှိခဲ့လို့ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးတင်ပို့ခဲ့တဲ့ တန်ချိန် ၃၉၀၀ ခန့်၊ ဝင်ငွေ ကန်ဒေါ်လာ ၃ သန်းနီးပါးထက် အဆများစွာတင်ပို့နိုင်တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင် တစ်ပတ်က တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ ရှိရာမှ နိုဝင်ဘာလ ၂၅ ရက်မှာ တော့ ကန်ဒေါ်လာ ၉၆၀-၉၈၀ ကို အနည်းငယ်ပိုလာပါတယ်။ MIRT(MAPT)