Main menu

Background

ဈေးကွက်က ဈေးနှုန်း(ဓာတ်မြေသြဇာ)

Tue, 11/29/2011 - 07:52 -- Anonymous (not verified)

ဘူဂေးရီးယား၊ နယ်သာလန်နှင့် ဗီယက်နမ်မှ မြေသြဇာဝင်                    နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၅၉၆ ဒသမ ၆၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းနီးပါးဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ အာမိုမြေသြဇာ ၆၀ တန်နဲ့ အမိုင်နိုအက်ဆစ် သုည ဒသမ ၃၅ တန်၊ ဘူဂေးရီးယားမှ မြေသြဇာ တန်ချိန် ၁၀၀၊ နယ်သာလန်မှ ကွန်ပေါင်းမြေသြဇာ ၇၅ တန်၊ ဗီယက်နမ်နိုင်ငံမှ မြေသြဇာ ၃၀၇ ဒသမ ၅၀ တန်၊ မလေးရှားနိုင်ငံမှ မြေသြဇာ ၃ ဒသမ ၇၅ တန် နဲ့ တရုတ်နိုင်ငံမှ မြေသြဇာတန်ချိန် ၅၀ အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်တန်ချိန် တစ်ထောင့်လေးရာကျော်တင်သွင်းနိုင်ပေမဲ့ ဒီသီတင်းပတ်မှာ ခြောက်ရာနီးပါးသာ တင်သွင်းနိုင်ခဲ့လို့ ဒီတစ်ပတ်ဓာတ်မြေသြဇာအဝင်က ယခင် တစ်ပတ်ထက် အဝင်အားလျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) ဓာတ်မြေသြဇာ တန် ၁၇၀၀၀ ကျော်သွင်း                       နယ်စပ်ကုန်သွယ်ရေးစခန်များဖြစ်တဲ့ မူဆယ်၊ ကော့သောင်း၊ ရိဒ်နဲ့ မောင် တောနယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၅၃၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၇၅၂၇ တန်ကို နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း အသွင်းရှိခဲ့ရာ ယခင်အပတ်တင်သွင်းမှုထက် တန်ချိန် ၅၈၈၉ တန်ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာတင်သွင်းတဲ့ ပမာဏများကတော့ မူဆယ်မှ ၁၇၀၇၁ တန်၊ ရိဒ်မှ ၂၆၄ တန်ကျော်၊ မောင်တောမှ ၁၄၆ တန်ကျော်နဲ့ ကော့သောင်းမှ ၄၅ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ တီစူပါ၊ Sulphur Coated Urea ၊ ကွန်ပေါင်း (၁၀း၁၀း၅) နဲ့ (၁၅း၅း၅) ၊ ၁၅း ပတ်လည်နဲ့ အမိုးနီး ယမ်းနိုက်တြိတ်တို့ဖြစ်ပြီး ရိဒ်မှ ယူရီးယား၊ ကော့သောင်းနဲ့ မောင်တောတို့မှ အမိုးနီးယမ်း နိုက်တြိတ်တို့ တင်သွင်းကြတာ ဖြစ်ပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း              ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်   တိုင်းဒေသကြီး/ပြည်နယ်                  အမျိုးအစား               ဈေးနှုန်း(ကျပ်/အိတ်)  ယခင်အပတ်  ပြောင်းလဲမှုယခုအပတ်  ရန်ကုန်တိုင်းဒေသကြီး     (မာလာမြိုင်)  ယူရီးယား(ရွှေတောင်-တရုတ်)   ၂၃၀၀၀    ၂၂၀၀၀   ယူရီးယား(နေရွက်လှေ-တရုတ်)      -    ၂၂၀၀၀        --   ပိုတက် (ကနေဒါ)      -   ၂၈၅၀၀   ပိုတက် (ထိုင်း)  ၃၈၀၀၀    ၃၈၀၀၀   မန္တလေးတိုင်းဒေသကြီး  ယူရီးယား(တရုတ်-ရွှေတောင်)၂၀၆၀၀  ၂၀၆၀၀   ယူရီးယား(ပန်းဖူး-တရုတ်) ၂၀၆၀၀  ၂၀၆၀၀   ကွန်ပေါင်း 15:15:15  (တရုတ်)     ၂၈၀၀၀  ၂၈၀၀၀   အာမို(ဒိုင်းမွန်းစတား) ၃၇၀၀၀    ၃၇၅၀၀  ပဲခူး ယူရီးယား (ရွှေတောင်-တရုတ်)  ၂၂၀၀၀  ၂၂၀၀၀   ယူရီးယား (ကမ္ဘာလုံး-တရုတ်)  ၂၂၀၀၀  ၂၂၀၀၀   ယူရီးယား (ပုလဲ-ပန်းဖူး)  ၂၂၅၀၀   ၂၂၅၀၀  တောင်ကြီး  ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၀၅၀၀   ၂၁၀၀၀   ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)     ၂၁၅၀၀   ၂၁၅၀၀   ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)၂၀၅၀၀    ၂၀၅၀၀   တီစူပါ-(တရုတ်) 12% ၁၀၀၀၀    ၁၀၅၀၀   တီစူပါ-(တရုတ်) 16%  ၁၀၅၀၀   ၁၀၀၀၀   တီစူပါ 15:15:15  (တရုတ်)  ၃၄၀၀၀   ၃၇၀၀၀   တီစူပါ 10:10:5 (တရုတ်) ၁၆၀၀၀   ၁၆၅၀၀   ပိုတက် (တရုတ်)၂၅၀၀၀    ၂၃၅၀၀၀   ဓာတ်ဆား (တရုတ်)      ၁၈၀၀၀   ၁၈၀၀၀  မော်လမြိုင်  ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၀၀၀   ၂၃၀၀၀   ပုလဲ(သေး)(ရွှေပျား 46% တရုတ်)  ၂၃၀၀၀   ၂၃၀၀၀   ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၀၀၀   ၂၃၀၀၀   ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15  ၃၆၅၀၀   ၃၆၅၀၀   ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15       ၃၁၅၀၀    ၃၁၅၀၀   ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8     ၃၁၀၀၀   ၃၁၀၀၀   တီစူပါ (တရုတ်) သံကွင်း 46%      ၂၈၅၀၀   ၂၈၅၀၀    တီစူပါ (တရုတ်) မျှားကမ္ဘာ 16%  ၁၃၀၀၀   ၁၃၀၀၀                                                                        MIRT (MAPT)