Main menu

Background

ဥရောပကြွေးမြီအပေါ် စိုးရိမ်မှုများကြောင့် မလေးရှား၊ စားအုန်းဆီကြမ်းဈေး ၃ ရက်ဆက်တိုက်ကျဆင်းလာ

Tue, 11/29/2011 - 08:19 -- Anonymous (not verified)

             ဥရောပဇုန်ကြွေးမြီကိစ္စအပေါ် စိုးရိမ်မှုတွေအရ ဝယ်လိုအားနည်းပါးလာလို့ နိုဝင်ဘာ ၂၃ ရက်မှာ မလေးရှားကုန်စည်ဒိုင်စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ ၃ ရက် ဆက်တိုက်ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ပဲပုပ်ဆီဈေး ကျဆင်းခြင်းကြောင့် လည်း ပိုမိုကျဆင်းလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။                  ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ အခြေခံစံနှုန်းစာချုပ်ဈေးဟာ သုညဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး၊ ရင်းဂစ် ၃၁၆၁ (ကန်ဒေါ်လာ ၉၉၂)ဖြစ်ခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံသူများဟာဥရောပဒေသအတွင်း အတားအဆီး အကျပ်အတည်းများအပေါ် ပိုမိုစိုးရိမ်လာကြတဲ့အတွက်ကုန်စည်ဝယ်လိုအားလည်းလျှော့ချ လာခဲ့ကြတယ်လို့ စင်ကာပူအခြေစိုက် ဘဏ်မှ လေ့လာဆန်းစစ်သူတစ်ဦးမှ ပြော ကြားပါတယ်။                   စားအုန်းဆီထုတ်လုပ်မှု ကျဆင်းပြီး၊ ပဲပုပ်ဆီထွက်ရှိမှုမြင့်တက်ဖွယ်ရှိတဲ့တိုင် ပဲပုပ်ဆီဈေးကျဆင်းခြင်းကလည်း စားအုန်းဆီဈေးကို ဖိအားဖြစ်စေပါတယ်။ အောက်တိုဘာလအတွင်း စားအုန်းဆီဈေးဟာ ပဲပုပ်ဆီ ဈေးထက် တစ်တန် ကန် ဒေါ်လာ ၁၈၅ လျှော့ကျပြီး၊ ယခုအခါ ကန်ဒေါ်လာ ၅၁ ဝန်းကျင်ကို လျှော့ကျ ကွာဟခဲ့ပါတယ်။                     စားအုန်းဆီကြမ်းလက်ကျန်များ တဖြည်းဖြည်းကျဆင်းလာမှာဖြစ်လို့ မတ်လ လောက်မှာ ယင်းဆီ ၂ မျိုးရဲ့ဈေးဟာတူညီလုနီးပါးဖြစ်လာနိုင်တယ်လို့ ANZ  ရဲ့ စိုက်ပျိုးရေးဆိုင်ရာ သုတေသနပညာရှင် Victor Thianpiriya က ပြောကြားပါတယ်။ တောင်အမေရိကမှာ ပဲပုပ်ထွက်ရှိမှု မြင့်တက်ဖွယ်ရှိတဲ့အတွက် ပဲပုပ်ဆီ ရောင်းချမှု နည်းနိုင်မှာ မဟုတ်ဘူးလို့လည်း ၎င်းကဆိုပါတယ်။ လာနီညာရာသီဖြစ်စဉ်ကြောင့် အရှေ့တောင်အာရှနိုင်ငံများမှာ ပျမ်းမျှမိုးရေ ချိန် အထက်ရွာသွန်းနိုင်လို့ စားအုန်းဆီထုတ်လုပ်မှု ကျဆင်းပြီး၊ ရောင်းချမှု အကန့် အသတ်ဖြစ်ခြင်းကို တောင်အမေရိကား ပဲပုပ်ထွက်ရှိမှု ပိုမို ခြင်းက ဖြည့်ဆည်း နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။                        ယင်းဆီ ၂ မျိုးဟာ အိန္ဒိယ၊ တရုတ်နဲ့ ဥရောပဈေးကွက်များအတွင်းက ပုံမှန် ဝယ်ယူခြင်းဖြစ်ပြီး၊ ယင်းဈေး ၂ ခုအကြား ဈေးကွာဟမှု ကျဉ်းမြောင်းရင် ဆောင်း ရာသီမှာ ဝယ်လက်များဟာ ပဲပုပ်ဆီကို ပိုမိုဝယ်ယူကြမှာ ဖြစ်ပါတယ်။ လက်ငင်း ဈေးကွက်မှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လသင်္ဘောတင်အတွက် သန့်စင်ပြီး၊ စားအုန်းဆီ ဈေးဟာ တစ်တန် ကန်ဒေါ်လာ ၁၀၆၅ ရှိပြီး၊ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက တစ်တန် ရင်းဂစ် ၁၀ လျှော့ကျပြီး၊ ရင်းဂစ် ၃၁၉၀ (ကန်ဒေါ်လာ ၁၀၀၁)ရှိကြောင်း သိရပါတယ်။ ယုဇန၊Source: Palmoilhq.com