ပင်လယ်ရေကြောင်းက နှမ်းတင်ပို့ရာမှာ ယခင်တစ်ပတ်က တန်ချိန် ၂၀၀ ခန့် သာ တင်ပို့ခဲ့ရာမှ နိုဝင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အတွင်းမှာတော့ တန်ချိန် ၁၂၀၀ ကျော်ထိ ပြန်တိုးတက်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေ ကတော့ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှားနဲ့ တရုတ်တို့ကိုဖြစ်ပြီး ပမာဏများများ တင်ပို့တာကတော့ ဂျပန်ကိုဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှုမရှိဘဲ နိုဝင်ဘာလ ၂၅ ရက်မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူမှာ ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုမှာ ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT-MAPT
Background