မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း နှမ်းနီမှအပ ကန်ဒေါ်လာ ၃ ဒသမ ၈၅၉ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၅၁၄ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၂၉၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းအရောင်အလိုက် တင်ပို့နိုင်မှု တွေကတော့ နှမ်းဖြူ ၇၃၂တန်ကျော်၊ နှမ်းနက် ၁၄၈၇ တန်ကျော်၊ နှမ်းဖြူ အခွံချွတ် ၂၀၂ တန်ကျော်၊ နှမ်းညို ၉၂ တန်ခန့် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် နှမ်းဖြူ ၉၈ တန်ခန့် အပို့လျော့ပေမဲ့ နှမ်းနက် ၄၇၂ တန်၊ နှမ်းဖြူ အခွံချွတ် ၂၇ တန်နဲ့ နှမ်းညို ၃၆ တန်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ် နှမ်းဈေး များ ယခင်အပတ်ကထက် လျော့နည်းလျက်ရှိပါတယ်။ မိမိ ဘက်နဲ့ တစ်ဖက်နိုင်ငံ နှမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၉၀၂၉၆၁ ၉၅၉၂၄၃ ၅၆၂၈၂ ၆ ၁၂၉၄ ၁၂၉၇ ၃ ၀ .၂နှမ်းနက် ၁၂၂၅၈၅၄ ၁၁၀၈၁၂၇ ၁၁၇၆၇၇ ၁၁ ၁၅၃၁ ၁၅၃၄ ၃ ၀ .၂နှမ်းညို ၈၃၂၀၉၅ ၈၄၇၅၈၁ ၁၅၄၈၆ ၂ ၁၀၇၅ ၁၀၇၅ - -နှမ်းနီ ၈၇၁၉၅၀ ၈၆၀၀၅၀ ၁၁၉၀၀ ၁ ၁၀၉၁ ၁၀၉၀ ၁ ၀ .၁
Background